Story 16(လီမိသားစု၏အောင်မြင်မှုပါတီ)

497 4 0
                                    

Zawgyi

နောက်တစ်နေ့မနက်တွင် လီရှောင်လုသည် သူ(မ)၏ဗီဒိုတစ်ခုလုံးကိုလှမ်းကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေသည်။လီရှောင်လုသည် လီရိုလန်နှင့်မင်ရှူ့မင်ထံမှရရှိ‌ထားသော ဈေးပေါသောအ၀တ်အစားများအားလွှင့်ပစ်ခဲ့သည်။

သူ(မ)ကိုသူတို့သုံးပြီးသားအ၀တ်တွေပေးလေ့ရှိပြီးထိုဟာတွေဟာ ဒီအသစ်ဖြစ်ကြောင်းပြောတိုင်း သူ(မ)သတိရမိသည်။လီရှောင်လုသည် အရူးဖြစ်သောကြောင့် ထိုဟာများအားသူ(မ)၏အရင်ဘ၀က ရတနာတစ်ခုကဲ့သို့သိမ်းထားသည်။

အာ့....ဘယ်မှာလဲ?ငါတစ်နေရာရာမှာ သိမ်းထားတယ်.....

သူ(မ)ဗီရိုထဲမှာ အနီရောင်ဝတ်စုံကို သတိရမိသည်။ ဒါဟာသူ(မ)ရဲ့ ပထမဆုံးဒီဇိုင်းပါ။ သူ(မ)ရဲ့ယခင်ဘဝတုန်းကလီရိုလန်ဟာ ဒီဝတ်စုံကို သူ(မ)ရဲ့ဗီရိုထဲမှာမတော်တဆတွေ့ရှိခဲ့ပြီး သူ(မ)ရဲ့အရည်အချင်းများအားသိသွားခဲ့တယ်။

လီရိုလန်ရဲ့စကားကိုနားထောင်ပြီး လီရှောင်လုသည်သူ(မ)ရဲ့အထည်ဆိုင်ဖွင့်ပြီး နာမည်ကြီးဖက်ရှင်ဒီဇိုင်နာLXဖြစ်လာခဲ့သည်။လီရိုလန်နှင့်မင်ရှူ့မင်သည် အ၀တ်အစားအဟောင်းကိုအသုံးပြုချိန်တွင် သူ(မ)ကတော့ သူ(မ)ရဲ့ဒီဇိုင်းအသစ်အားလုံးကို ကိုယ်တိုင်ဝတ်ဆင်မည်ဖြစ်သည်။

သြော်!! လီရှောင်လုက အဲဒီဝတ်စုံကိုရှာတွေ့တဲ့အခါ စိတ်သက်သာရာရသွားတယ်ဆိုတာ တွေ့လိုက်ရတယ်။ သူ(မ)အဝတ်အစားကို ဗီရိုထဲကထုတ်ကာ မှန်ဆီသို့ လျှောက်သွားလိုက်သည်။

သူ(မ)ကို ပါတီမှာတွေ့ရင် အဲဒီတစ်ကိုယ်ကောင်းဆန်သူတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုဖြစ်မလဲလို့ သူ(မ)တွေးမိတယ်။လီရှောင်လုက ရယ်မောလိုက်ပြီး.... သူတို့ကငါ့ကို သူတို့ရဲ့ရုပ်သေးရုပ်ဖြစ်အောင် လုပ်ရင်းနဲ့ငါ့ရဲ့တည်ရှိမှုကိုဖုံးကွယ်ထားဦးမှာလား???

လီမိသားစု... ရှင်တို့ခဏပဲစောင့်နေ... ငါဆိုတဲ့မိဘမဲ့က လီမိသားစုရဲ့အကြီးဆုံးသမီးဆိုတာကိုလူတိုင်းသိစေရမယ်။ရှင့်တို့ဘ၀မှာ အကောင်းဆုံးနဲ့အခမ်းနားဆုံးပါတီပွဲဖြစ်အောင်ကျွန်မကဖန်တီးပေးမှာ ...

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now