Story 20(သူကကျွန်မရဲ့အဖေ)

1.4K 91 0
                                    

Unicode

လီရှောင်လုတံခါးဆီသို့ လျှောက်သွားသည်ကိုကြည့်ရင်း လီမိသားစု ဝမ်းသာသွားကာ ဇီဟန်နှင့်ဟုယွီထန်ကတော့ မျက်မှောင်ကြုတ်ကာ အချို့ကစိတ်ရှုပ်ထွေးသွားကြသည်။

"ဟေးဇီဟန်၊မင်းမိန်းမပြန်တော့မယ်ထင်တယ်...." ဟုယွီထန်ကလီရှောင်နောက်ပြောင်လိုက်သောအခါ ဇီဟန်ကမျက်မှောင်ကြုတ်ကာ "ဒီနေ့ငါ့မိန်းမပြန်မလာရင် မင်းနောင်ရေးအတွက် မင်းမိန်းမယူဖို့ မစဉ်းစားနဲ့"

ဟုယွီထန်သည် သူ့သူငယ်ချင်းကို ကြည့်ရင်း မျက်ရည်အတုများစီးကျလာသည်။ငါဒီနတ်ဆိုးနဲ့ဘယ်လိုကြောင့် သူငယ်ချင်းဖြစ်တာလဲ ဆိုတာကိုတစ်ယောက်ယောက် ပြောပြနိုင်မလား?

"ငါကသူ့အထက်လူကြီးပါ။စိတ်မပူနဲ့ဇီဟန်၊ ငါအခုပဲသူ(မ)ကိုတားလိုက်မယ်။"

တံခါးဆီသို့ အေးအေးဆေးဆေး လျှောက်လှမ်းနေသောလီရှောင်လုသည် သူ(မ)၏နှလုံးသားထဲတွင် ရယ်မောလိုက်သည်။သူ(မ)၏ ယနေ့ရည်မှန်းချက်မှာ လီ မိသားစု၏ အကြီးဆုံးသမီးအဖြစ် အသိအမှတ်ပြုခံရရန်ဖြစ်သည်။ အိုး!!! ..လီယူဘင်နဲ့ယုရူရှီ၊ငရဲ့ပန်းတိုင်ကိုမရောက်သေးပဲ ငါကထွက်သွားမယ်လို့ထင်နေတာလား?

တံခါးဆီသို့ ခြေတစ်လှမ်းချင်း လှမ်းလိုက်သည်နှင့်လီရှောင်လုသည် သူ(မ)၏စိတ်ထဲတွင် ရေတွက်နေသည်..။

၅...

၄...

၃...

တစ်ချိန်တည်းမှာပင် စီးပွားရေးသမားတစ်ဦးသည် လီရှောင်လု၏ ထွက်ခွာသွားပုံကို ကြည့်ကာ
"မစ္စတာလီ၊ထိုမိန်းကလေးကဘယ်သူလဲ?"

ထိုအမျိုးသမီးငယ်သည် မည်မျှလှပပြေပြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်ကမြင်သည်။ သူ့ပတ်ဝန်းကျင်တွင် မြင့်မြတ်ပြီး ကျက်သရေရှိသော ရောင်ဝါတစ်ခုရှိသည်။ သြဇာကြီးသော မိသားစုမှ မိန်းမပျိုတစ်ဦးဖြစ်မည်ဟုသူထင်သည်... ထို့ကြောင့် မေးလိုက်ခြင်းဖြစ်သည်။

ဘယ်သူပြောလဲတော့ မသိရပေမယ့် “သူ(မ)ဟာ သြဇာကြီးတဲ့ မိသားစုက မြင့်မြတ်တဲ့ မိန်းမပျိုလေးလို ၀တ်စားဆင်ယင်တတ်တဲ့ ပြည့်တန်ဆာတစ်ယောက်ဖြစ်ပြီး ချောမော၊ချမ်းသာတဲ့ ယောက်ျားတွေကို ထောင်ချောက်ဆင်ထားတာနေမှာ…”

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now