Unicode
"အားလုံးပဲမဂ်လာပါရှင့်... ကျွန်မကဒီဇာတ်ကားရဲ့ psychoဇာတ်ရုပ်မှာသရုပ်ဆောင်မဲ့လီရှောင်လုပါ။"လီရှောင်လုကသသတင်းထောက်တွေကို သူမရဲ့ချိုမြိန်သောအသံဖြင့် အေးဆေးတည်ငြိမ်စွာနှုတ်ဆက်ပြီး ယန်မီကအနောက်မှာရပ်နေတယ်။
စိတ်အားထက်သန်မှုကလူတိုင်း၏ခန္ဓာကိုယ်အတွင်းတွင် လှိုင်းထလာသည်။နောက်ဆုံးတော့သူတို့၏ သိခြင်စိတ်ကိုကျေနပ်စေသည်။
"မစ္စလီ၊မစ္စ'Marvelous Universe 'နဲ့စာချုပ်ချုပ်ထားတာလား?"
"ဟုတ်ပါတယ်။ကျွန်မသူတို့နဲ့စာချုပ်ချုပ်ထားတာပါ။အမယန်မီကကျွန်မရဲ့မန်နေဂျာလေ..."လီရှောင်လုကပြန်ဖြေလိုက်သည်။
"မစ္စလီကအရမ်းလှတာပဲ။ဒီ၀တ်ဆုံကဘယ်ကနေများ၀ယ်လာတာလဲ သိလို့ရမလား?"
လီရှောင်လုကပြုံးလိုက်ပြီး
"တကယ်တော့ ဒါကLX လို့ခေါ်တဲ့ဒီဇိုင်နာအသစ်ပါ။ဒီ၀တ်စုံကလဲသူမရဲ့ဒီဇိုင်းလေ... "LX? အဲ့ဒီသူကဘယ်သူလဲ?အဲ့နာမည်ကိုငါတို့အရင်က မကြားဖူးပါဘူး။ဒီလိုလှပတဲ့၀တ်စုံကို ဖန်တီးခဲ့တဲ့ဒီဇိုင်နာအကြောင်းလူတိုင်းသိခြင်နေကြ၏။
"မစ္စလီ... ဒါကမစ္စရဲ့ပထမဆုံးရုပ်ရှင်ဖြစ်ပြီး အရင်ကဘယ်ဇာတ်ကားမှာမှသရုပ်မဆောင်ဖူးတာအမှန်ပဲလား?"ဟုသတင်းထောက်တစ်ယောက်ကမေးသည်။
လီရှောင်လုထိုမေးခွန်းကိုကြားသောအခါ သူမအားစူးစူးဝါးဝါးကြည့်နေသော လီရိုလန်အားတစ်ချက်ကြည့်လိုက်သည်။အကယ်၍မျအကြည့်ဖြင့်သာသတ်နိုင်လျှင် လီရှောင်လုတစ်ယောက်အခုချိန်တွင်သေသွားနိုင်မည်ပင်။လီရှောင်လုကရယ်မောရင်းခေါင်းညိတ်ပြကာ
"ဟုတ်ပါတယ်ရှင့်၊ဒီဇာတ်လမ်းကကျွန်မပထမဆုံးအကြိမ်သရုပ်ဆောင်မယ့်ဇာတ်ကားပါ။အရင်ကဘယ်ဇာတ်လမ်းမှကျွန်မမရိုက်ဖူးပါဘူးရှင့်...""မစ္စလီ... မကြာခင်ကအွန်းလိုင်းမှာတင်ထားတဲ့ပို့စ်တစ်ခုကို မစ္စအနေနဲ့ဘယ်လိုသဘောရသလဲ?"ယန်မီ၏အေးစက်လှသောမျက်လုံးကိုကြည့်ရင်း သတင်းထောက်ကသေသေချာချာမေးလိုက်သည်။
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Storie d'amoreဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...