Unicode
လီရှောင်လု၏တိုက်ခန်းသို့ရောက်သောအခါ ဇီဟန်သည်သူမ၏ပိုက်ဆံအိတ်ထဲရှိတိုက်ခန်းသော့ကိုရှာနေ၏။သော့ဖွင့်ပြီးသောအခါ ဇီဟန်သည်သူမရဲ့အိပ်ခန်းဆီသိုခေါ်သွားသည်။သူ့ရင်ခွင်ထဲ၌အိပ်ပျော်နေသောလှပတဲ့မျက်နှာလေးကိုကြည့်ပြီးသူ့လက်ထဲကနေမချခြင်ပေ။ဒါပေမဲ့သူမလေးအဆင်ပြေအောင်လို့အိပ်ယာပေါ်ဂရုတစိုက်ချလိုက်ပြီးစောင်လေးနဲ့သပ်သပ်ရပ်ရပ်အုပ်ထားလိုက်သည်။
ဇီဟန်ကမျက်မှောင်ကြုတ်ကာလှည့်ကြည့်လိုက်တယ်။ဒီတိုက်ခန်းကအရမ်းကျဉ်းလွန်းတယ်။သူမဘယ်လိုနေနေရတာလဲ?နေရာအအြန်ပြောင်းပေးဖို့သူမကိုတိုက်တွန်းရတော့မယ်ထင်တယ်။
သူ့လက်တွေကို ဆုပ်ကိုင်ထားသလို ခံစားလိုက်ရတော့ သူ ထွက်သွားတော့မယ်လို့ ညည်းတွားရင်း "ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့...."
သူ့လက်ကို ဆုပ်ကိုင်ထားရင်း သူ့ဘေးမှာ ထိုင်နေရင်း ဇီဟန်နှလုံးသားက
နာကျင်လာသည်။သူမနဖူးကို နမ်းရင်း နားရွက်နောက်မှာ ဆံပင်ကြိုးတစ်ချောင်းကို ဖြည်လိုက်သည်။သူမနဲ့အတူနေဖို့ဇီဟန်မစောင့်နိုင်တော့ဘူး...။သူမနဲ့တွေ့တဲ့နေ့ကိုတွေးရင်းဇီဟန်ပြုံးလိုက်တယ်။ မနေ့တနေ့ကလိုပင်သူမှတ်မိနေသေးသည်။သူသည်လီရှောင်လုနဲ့လွန်ခဲ့တဲ့ခြောက်လလောက်ကတွေ့ခဲ့ပြီးအဲ့နေဟာသူ့ဘ၀ရဲ့အလှပဆုံးနေ့တစ်နေ့ပင်ဖြစ်သည်။ထိုနေ့ကသူ့နှလုံးခုန်သံကိုပထမဆုံးအကြိမ်ခံစားလိုက်ရသည်။သူအသက်ရှင်နေသလိုခံစားလိုက်ရတယ်။အဲ့ဒီနေ့ကသူလီရှောင်လုဆိုတဲ့မိန်းကလေးကိုချစ်မိသည့်နေပင်ဖြစ်သည်။အဲ့နေ့ကဇီဟန်တစ်ယောက်အရေးကြီးအစည်းအဝေးတက်ဖို့ ကားပေါ်တက်ခဲ့တယ်။မီးနီနေတော့ကားကရပ်သွားတယ်။ကောင်မလေးကိုမြင်တော့ မျက်လုံးပြူးသွားကာ သူ့လက်ထောက်ကိုဖုန်းနဲ့ညွှန်ကြားချက်တွေ ပေးရင်း သူ့ပတ်ဝန်းကျင်ကအရာအားလုံး ရပ်သွားသလိုပင်။သူမသည်ငယ်ရွယ်ပြီအလွန်လှပသည်။လေတိုက်လို့လွင့်မျောနေတဲ့သူမလေးရဲ့ဆံနွယ်လေးတွေကြောင့်ရုတ်တရက်ဆိုသလိုသူ့လက်တွေယားယံလာသလိုခံစားလိုက်ရသည်။
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Romanceဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...