အပိုင်း ၅+၆ [ ငါကသူ့ရည်းစားမဟုတ်ဘူး! ]
တစ်ပတ်ကြာပြီးနောက်~~~
ဒီနေ့ဟာတော့ လီရှောင်လုတစ်ယောက် စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သည့် နေ့တစ်ပင်။ဒီနေ့လီမိသားစုနဲ့ အဆက်အသွယ်ဖြတ်ပစ်ဖို့ သူမရဲ့အစီအစဥ်ကို နောက်ဆုံးအကောင်အထည်ဖော်တော့မည်ပင်ဖြစ်သည်။
ခါတိုင်းလိုပင် ရိုက်ကွင်း၌ ချန်းယုဖန်ရဲ့ ကျူးကျော်၀င်ရောက်မှုမရှိပဲ ပြီးပြည့်စုံစွာ လည်ပတ်နေတယ်။ဒီနေ့ဟာ သူမရိုက်စရာအခန်းမရှိသေးသည့်အတွက် အေးဆေးလွတ်လွတ်လပါလပ်နေခဲ့သည်။လီရိဖန်၏အငးကူအညီဖြင့် သူမသည် လီယူဘင်နဲ့ယုရူရှီတို့စားဖူးသည့် အခမ်းနားဆုံးညစာကို ပြီးပြည့်စုံစွာ စီစဉ်ခဲ့သည်။
ပြုံးနေရင်း လီရှောင်လု kitchen ထဲသို့လျှောက်သွားလိုက်သည်။ဒီညဇီဟန်နှင့်အတူ ညစာမစားဖြစ်လောက်သောကြောင့် သူ့ကိုအံ့ဩစွားစေရန် လီရှောင်လုနေ့လယ်စာပြင်ဆင်ဖို့ စိတ်ကူးထားတယ်။
သူမရဲ့ကြောက်ရွံ့မှုကြောင့် ဇီဟန်သည် အကောက်အလန့်မရှိပဲ လွတ်လပ်စွာသုံးနိုင်သော ၏င်းချက်ပစ္စည်းများကို ၀ယ်ထားပြီးသားဖြစ်သည်။သူကြိုက်လောက်မည့် ဟင်းများကိုချက်ဖို့စဉ်းစားနေရင်း ဇီဟန်ရဲ့ရုံးသို့သွားပြီး suprise လုပ်ရန်စဉ်းစားထား၏။
နည်းပါးသောအချိန်လေးတွင် ရှောင်လုသည် ဇီဟန်နဲ့တဖြေးဖြေးပိုပြီးနီးကပ်လာတာကို သူမသဘောပေါက်လာခဲ့တယ်။လီရှောင်လုသည် သူ့ကိုဆွဲဆောင်ခဲ့သည်။အဲ့အချိန်မှာပဲ၊သူနှင့်လက်ထပ်ရမည့် အခြေအနေများကို လီရှောင်လုတွေးတောနေမိသည်။
နောက်ပိုင်းတွင် ဇီဟန်သည် သူမအတွက်အရာအားလုံးကို အသေးစိတ်ကအစ လိုက်လုပ်ပေးသည်ကို မြင်သောအခါတွင် လီရှောင်လုကလည်း သူမတို့ရဲ့အိမ်ထောင်ရေးကို အလေးအနက်ထားပြီး ဇနီးကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်သင့်ကြောင်း စဉ်းစားမိခဲ့သည်။ယခုတော့ သူမလည်း ဇီဟန်ကို သဘောကျစပြုနေပြီဖြစ်သည်ကို လီရှောင်လုနားလည်လာသည်။ဒါ့ကြောင့် ယခုလိုအချိန်တွင် အရာအားလုံးသည် သူမဆီသို့ သဘာ၀အတိုင်း ရောက်ရှိလာသည်လို့ ခံစားမိသည်။
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Romanceဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...