Unicode
သူမကနားလည်သောအမူအယာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ဘော့စ်ဟုအတွက် သူမစုံစမ်းခဲ့ရင်ကောင်းတယ်။တစ်ချိန်ကသူမထိတ်လန့်သွားသည်။
"ဒါဆိုမင်းသူ့ကိုချစ်သေးလား?"လို့စိတ်လှုပ်ရှားစွာ ထပ်မေးလိုက်တယ်။
ဟင့်အင်း၊ကျွန်မသူ့ကိုမချစ်တော့ဘူး။အဲ့ဒီနေ့က ကျွန်မကသူ့အတွက် ဘာပဲဖြစ်နေဖြစ်နေ ကျွန်မသေဆုံးသွားခဲ့ပြီ..."ချန်းယုဖန်အတွက် သူမထားခဲ့တဲ့အချစ်မှန်သမျှဟာ သူမနဲ့အတူမီးထဲမှာ သေဆုံးသွားခဲ့တယ်။
အခုကသူ့ဘ၀တွင် ရည်မှန်းချက်နှစ်ခုသာရှိသည်။ပထမတစ်ခုဟာ သူမရဲ့လက်စားချေခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှယ သူမရဲ့မိဘအရင်းတွေကိုရှာဖို့သာဖြစ်၏။
သူမအဖြေကိုကြားတော့ ဇီဟန်ပြုံးလိုက်သည်။ဆိုလိုတာက သူ့မှာအခွင့်အရေးရှိနေတုန်းပဲပေါ့...သူ့ကိုချစ်မိဖို့ အလျင်စလိုမဖြစ်ခဲ့ဘူး။သူအသပ်ရှင်နေသ၍ သူမနှလုံးသားထဲကို ဖြည်းဖြည်းခြင်း၀င်ပြီး သူမအချစ်ကိုအပြည့်အ၀ သိမါးပိုက်ဖို့ပဲလိုတာ...
"ဇီဟန်က ငါမိဘမဲ့ဖြစ်နေလို့ ငါ့ကိုဒီလိုမျိုးဆက်ဆံခွင့်ပေးထားတာလား?ငါသူတို့ကိုအရမ်းချစ်တယ် ဘာကြောင့်လဲ?မိဘမဲ့တစ်ယောက်ကရော အချစ်မခံသင့်ဘူးလား?"လီရှောင်လုကမျက်ရည်များဝဲကာ ပြောလိုက်သည်။
"သူတို့အတွက်အများကြီးလုပ်ပေးဖို့ပြောတယ်။ကျွန်မလည်းလုပ်ပေးခဲ့တယ်။ဒါပေမဲ့ကျွန်မကို ဘာလို့ဒီလိုဆက်ဆံရတာလဲ?ကျွန်မကတော့...သူတို့ကိုမိသားစုလို့သဘောထားပေမဲ့ သူတို့အတွက်ကတော့ ကျွန်မကကျွန်တစ်ယောက်ပဲလေ..."လိုက်ရှိုက်ကြီးတငင်ငိုရင်း အော်ဟစ်လိုက်ပါတယ်။
"မိဘမဲ့ကလေးတွေကရော လူမဟုတ်ဘူးလား?ကျွန်မကိုမလိုခြင်ဘူးဆိုရင် ဘာလို့မွေးစားခဲ့တာလဲ?သူတို့ရဲ့အချစ်အတုတွေကို ငါ့ကိုပြပြီး ဘာလို့ကျွန်မနောက်ကျောကိုဓားနဲ့ထိုးရတာလဲ?"
"ကျွန်မဘာအပြစ်တွေများလုပ်ထားမိလို့လဲ?ကျွန်မသာမိဘမဲ့တစ်ယောက်ဖြစ်ခဲ့ရင် ပိုကောင်းဦးမယ်။"
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Romanceဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...