story 74+75(မီးလောင်မှုမြင်ကွင်း)

852 48 0
                                    

Unicode

'Shades of love'ရိုက်ကူးကွင်းတစ်နေရာတွင်~~~

ဒါရိုက်တာရဲသည် လီရိုလန်နှင်းဆန်းယုံတို့၏ ဇာတ်၀င်ခန်းအနည်းငယ်ကို အရင်ရိုက်ကူးနေသည်။လီရှောင်လုနှင့်ယန်မီတို့ ၀င်လာသောအခါ လက်ထောက်က သူတို့ဆီသို့ပြေးလာသည်။

"ရှောင်လု ဒီနေ့မင်းရဲ့ အရေးကြီးဆုံး ဇာတ်၀င်ခန်းတစ်ခုရှိတယ်။အဲ့ဒါကြောင့် ဒီနေ့မင်းသားဇာတ်ကောင်နဲ့
တွေ့ရတဲ့ဇာတ်ကွက်ကို ငါတိုရိုက်ကူးမယ်။မင်းဒီဇာတ်ခန်းကိုသိတယ်မလား?မင်းကကုန်တိုက်တစ်ခုမှာ မတော်တဆ မီးလောင်နေလို့ MLကမင်းကို ကယ်တင်မယ့်အခန်းလေ..."ဟုလက်ထောက်ကအသေးစိတ်ရှင်းပြသည် ။

သူမအတွက်လိုအပ်သော အကြောင်းအရာများကို ရှင်းပြနေသော်လည်း လီရှောင်လုကတော့ ထိုအရာများကို ဂရုမစိုက်နိုင်ပေ။သူမစိတ်ထဲတွင် တစ်ခုတည်းသော အရာတွင်သာပိတ်မိနေခဲ့တယ်။

မီးလောင်မှုမြင်ကွင်း?

ဒီဇာတ်၀င်ခန်းကို သူမတကယ်မေ့သွားခဲ့တယ်။သူမရဲ့အရင်ဘ၀တုန်းက ဒီဇာတ်၀င်ခန်းကို ၀င်သရုပ်ဆောင်ရရင် ပြဿနာမရှိပေမယ့် အခုတော့ သူမကြောက်စိတ်နဲ့ ဒီဇာတ်၀င်ခန်းကို ဘယ်လိုပုံစံနဲ့ပုံဖော်ရပါ့မလဲ?

လက်ထောက်ကတော့ သူမအတွက်လိုအပ်သမျှကို ရှင်းပြပြီးနောက် ပြန်ထွက်သွားခဲ့သည်။လီရှောင်လုရဲ့ဖြူဖျော့နေသော မျက်နှာကို ယန်မီမြင်လိုက်ရတော့
"ရှောင်လု၊နင်အဆင်ပြေရဲ့လား?နင့်ကြည့်ရတာ နေမကောင်းနေသလိုပဲ?"

လီရှောင်လုက ခေါင်းယမ်းရင်း ပြန်ဖြေလိုက်၏။
"အမယန်မီ၊ညီမအဆင်ပြေပါတယ်။"

"ဘာဖြစ်လို့လဲ?အဲ့ဇာတ်၀င်ခန်းနဲ့ အဆင်မပြေလို့လား?"ယန်မီက မေးလိုက်တယ်။

"အမယန်မီ ငါ့မှာ Pyrophobia ရောဂါရှိတယ်။ငါကမီးကိုမြင်ရမှာ အရမ်းကြောက်တယ်..."

Pyrophobia?

"ရှောင်လု ငါဒါရိုက်တာရဲနဲ့ သွားစကားပြောလိုက်ရမလား?ဒီဇာတ်လမ်းကို ငါတို့ပြောင်းလို့ရမှာပါ..."ယန်မီကမေးတယ်။သူမလေးရဲ့ ဖြူဖတ်‌ဖြူရော်ဖြစ်နေသော မျက်နှာကလေးကို မြင်လိုက်ရတော့ ယန်မီ အရမ်းစိတ်ပူသွားတယ်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now