story 39(ချန်းယုဖန်ရဲ့ချစ်သူမဟုတ်လား?)

1.1K 57 2
                                    

Unicode

ချန်းယုဖန်ကလီရှောင်လုကိုတစ်ချက်ကြည့်လိုက်ပြီး
"ရုံးမှာ..."

" ကောင်းပြီ။မြန်မြန်လာခဲ့နော်အကိုယုဖန်... ချစ်တယ်နော်"လီရိုလန်ကပြောလိုက်သည်။

ဖုန်းကိုကိုင်ထားရင်းချန်းယုဖန်ကသူမကိုတောင်းပန်စကားဆိုလိုက်သည်။
"ရှောင်လု၊ကိုယ်တောင်းပန်ပါတယ်။အခုတော့ကိုယ်ချက်ခြင်းသွားမှရမှာမလို့ပါ။"

" အိုး... ရုံးကလား?"

"ဟမ်... ဟုတ်တယ်။ကိုယ်ရုံးမှာရှိမှရမယ်‌။ရုတ်တရက်အရေးကြီးတဲ့အစည်းအဝေးလုပ်မယ်ဆိုလို့... "

သူမကပြုံးပြီးတံခါးဆီသို့လျှောက်သွားကာ
"ကျွန်မအဆင်ပြေပါတယ်။အလုပ်ကအရမ်းအရေးကြီးတယ်လေ။"

"ကောင်းပြီ။ဂရုစိုက်နော်... ကိုယ်မကြာမကြာလာတွေ့မယ်နော်"

"Bye... "သူမမျက်နှာပေါ်တွင်ယဉ်ကျေးသောအပြုံးဖြင့်လက်ကိုဝှေ့ယမ်းလိုက်သည်။ကျေးဇူးပြုပြီးထပ်မလာခဲ့ပါနဲ့...

တံခါးပိတ်ပြီးသည်နှင့်လီရှောင်လု၀မ်းသာသွားသည်။ယန်မီထွက်လာတာကိုတွေ့တာနဲ့ 'ဘာတွေဖြစ်နေတာလဲ?အမူအရာကနည်းနည်းတော့ရယ်ခြင်ပေမယ့်သူ့ကိုယ်သူထိန်းချုပ်လိုက်တယ်။'

"ချန်းယုဖန်ကနင့်ရည်းစားလား?"

သူမကပခုံးတွန့်လိုက်ကာ"ဒီလိုပါပဲ..."

"ဟင်?"ယန်မီစိတ်ရှုပ်သွားသည်။သူတို့စကားတွေကိုကြားပြီး သူ့ဦးနှောက်တွေပေါက်ကွဲနေသလိုခံစားရတယ်။
"ချန်းယုဖန်ကလီရိုလန်ရဲ့ချစ်သူမဟုတ်ဘူးလား?"

သူမသည်လီရှောင်လု၏လက်များကိုဆုပ်ကိုင်လိုက်ပြီး ဆိုဖာဆီသို့ဆွဲခေါ်သွားတယ်။သူမထိုင်ချလိုက်တော့
"ရှောင်လုဘာတွေဖြစ်နေတာလဲ?ငါဘာမှနားမလည်တော့ဘူး။ချန်းယုဖန်ရယ်၊နင်ရယ်၊လီရိုလန်ရယ် ဘာတွေဖြစ်နေတာလဲ?လီမိသားစုထဲမှာဘာတွေဖြစ်နေတာလဲ?"

ယန်မီကသူ့အနားမှာဒီလောက်ကောင်းတဲ့ညီမလေးတစ်ယောကိရှိလို့ စိတ်ပူသွားသလိုခံစားရတယ်။သူမလည်းသက်ပျင်းခပ်ဖွဖွချကာ"အမယန်မီ၊ညီမအကုန်လုံးပြောပြမယ်။ဒါပေမယ့်ဒီကိစ္စတွေကိုဘယ်သူ့ကိုမှမပြောပြပါနဲ့။"

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now