story 82+83(မင်းရဲ့အကူအညီလိုတယ်ထန်ဂျွန်)

791 41 1
                                    

Unicode

"သူမနာမည်ကလီရှောင်လု..."ဇီဟန်က သူ့ပါးပြင်ပေါ်က အနမ်း‌ကိုသတိရသွားကာ သူမလေးကိုသတိရကာ ပြုံးလိုက်သည်။ဇီဟန်သူမလေးကိုလွမ်းနေပြီ။

"လီရှောင်လု?ဒိနာမည်ကို ရင်းနှီးနေသလိုပဲ...ဘယ်မှာကြားဖူးတာပါလိမ့်?"ဇီယီကရုတ်တရက်နှုတ်ခမ်းဆူလိုက်ပြီး
"တက်သစ်စမင်းသမီး လီရှောင်လုမဟုတ်ဘူးလား? 'Shades of loves'ရုပ်ရှင်ထဲကတစ်ယောက်ပဲ၊အဲ့ဒါသူမမလား?"

"အင်း..."ဇီဟန်ကခေါင်းညိတ်ပြလိုက်သည်။

"အော်...သူမကအရမ်းလှတယ်။ဗီဒီယိုထဲမှာမြင်ဖူးတယ်။သူမကအရမ်းထက်မြက်တယ်၊အခုတော့ညီမလေးရဲ့‌ယောင်းမပေါ့..."ဇီယီကတခစ်ခစ်ရယ်လိုက်သည်။
"ဟီးဟီး...သူမအကြိုက်ဆူံ အစားအစာက ဘာလဲဆိုတာ သိချင်လိုက်တာ...သူမနဲ့တွေ့ရင် ညီမလေးကယောင်းမကို လုပ်ကျွေးမယ်။"

ကျန်းဇီယီသည် လီရှောင်လုကို အရမ်းတွေ့ခြင်နေပြီး သူ့အကိုရှိနေကြောင်းကို လုံး၀သတိမေ့သွားသည်။သူမဟာ သူ့အကိုရှေ့တွင်ပင် စီစဉ်နေမိသည်။

"ဇီယီ၊ပေးထားတဲ့ကတိကို မေ့သွားပြီလား?"ရုတ်တရက်လေသံအေးအေးတစ်ခုက သူမရဲ့အစီအစ်များကို နှောက်ယှက်ကာ သူမ၏ကြောက်ရွံ့ထိတ်လန့်မှုကို ချိုးဖျက်ကာ စိတ်လှုပ်ရှားနေသည့် ကိုယ့်ကိုကိုယ်ပင် ချက်ချင်းငြိမ်သက်သွားစေခဲ့သည်။အိုး...သူမအကိုကို ကျန်းဇီယီလှမ်းကြည့်ရင်း လန့်သွားသောကြောင့် ရယ်လိုက်ကာ
"ဟဲဟဲ...ညီမလေးအကိုနဲ့ ကတိပေးထားတာကို မှတ်မိပါ်။နောင်တစ်ချိန် ယောင်းမနဲ့တွေရင် ဒါတွေအကုန်လုပ်မယ်။"

"ဒီညီမလေးကိုမေ့လိုက်ပါ၊အကိုတို့နှစ်ယောက်စလုံး ပထမဆုံး ဘယ်လိုစတွေ့ခဲ့ကြတာလဲဆိုတာပြောပြပါဦး?တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်မိသွားကြတာလဲ?အကို့ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုလေးလဲဟင်?"လို့ဇီဟန်ရဲ့ လက်အောင်းကို ကိုင်ထားရင်း စိတ်လှုပ်ရှားစွာမေးလိုက်တယ်။

ဇီဟန်သည် သူ့ညီမလေး၏ စိတ်လှုပ်ရှားနေသော မျက်နှာလေးကိုကြည့်ကာ နဖူးလေးက်ုလှန်လိုက်ပြီး သူမ(ရှောင်လု)ကိုချစ်မိသွားပုံကိုပြောပြလိုက်ပြီး သူ့ကိုgayအဖြစ် နားလည်မှုလွဲခဲ့သည့်အပိုင်းကိုတော့ ချန်ထားကာ လက်ထပ်ပြီးသည့်တိုင်အောင် ဖြစ်ပျက်သမျှကို ပြောပြလိုက်တယ်။သူ့ညီမလေးက ဒါကိုသိဖို့မလိုဘူး။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now