story 62(ကိုယ်ဒီမှာအိပ်မယ်)

1.2K 52 1
                                    

Unicode

ဇီဟန်သည်ဟင်းများကို စိုက်ကြည့်နေသော လီရှောင်လုကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။သူမဘာတွေတွေးနေတာလဲ?

"ရှောင်လု?"သူကသူမနာမည်ကို ခေါ်ပေမယ့် ထူးသံပြန်မကြားရ။
"ရှောင်လု..."ဇီဟန်လည်း နောက်တစ်ကြိမ် သူရဲ့လက်ကိုသူမလေးမျက်နာရှေ့ ဝှေ့ယမ်းကာ သူမကိုထပ်ခေါ်လိုက်သည်။

ဟမ်?သူ့မျက်လုံးတွေကို မှိတ်ထားရင်း လီရှောင်လုက သူ့ကိုကြည့်နေတယ်"ရှင်တစ်ခုခုပြော‌ခြင်လို့လား?"

"မင်းအစားအသောက်တွေကို မကြိုက်လို့လား?"လို့စိတ်လှုပ်ရှားစွာမေးလိုက်တယ်။

မထိရသေးသော ပန်းကန်ပြားကို ကြည့်ရင်း လီရှောင်လုက သက်ပြင်းချကာ
"အဲ့လိုမဟုတ်ပါဘူး။အရမ်းအရသာရှိပါတယ်...ဒါပေမယ့်တစ်ခုခုတွေးမိနေလို့ပါ..."

"ဘာလဲ?"

လီရှောင်လုက သူ့ကိုကြည့်ရင်း ခေါင်းခါလိုက်ပြီး "ဘာမှမဟုတ်ဘူး...." ထို့နောက် သူမပန်းကန်ကိုငုံ့ကြည့်ကာ ဆက်စားသည်။ဇီဟန်က နှုတ်ခမ်းလေးတွန့်ကာ ပြုံးရင်း သူမကိုကြည့်လိုက်သည်။

ညစာစားပြီးတာနဲ့ လီရှောင်လုက ပန်းကန်တွေအားလုံးကို ဆေးကြောပြီး ဇီဟန်က ထမင်းစားစားပွဲကို သန့်ရှင်းရေးလုပ်ရင်း "ဒါဆိုဘယ်တော့ထွက်သွားမှာလဲ?"လို့ မေးလိုက်သည်။

"မနက်…"လို့ပြန်ဖြေတယ်။

လီရှောင်လုခဏရပ်လိုက်သည်။သူကဒီညနေမှာလား။ဇီဟန် ဒီလိုမလုပ်ပါနဲ့...ရှင်နာကျင်ရလိမ့်မယ်။နောက်ပြီးတော့ အချိန်မနှောင်းခင်မှာ ဒါတွေအားလုံးကို ရပ်တန့်ထားရမယ်။

"ဒီည ဒီမှာနေမှာလား" လို့မျက်ခုံးပင့်ကာ မေးလိုက်သည် ။"ဟမ်…"သူ ခေါင်းညိတ်သည်။

"ဘာလို့လဲ?ရှင့်မှာအိမ်မရှိဘူးလား?ဒါကကျွန်မအိမ်၊ကျွန်မအတွက် ရှင်လုပ်ထားတဲ့ ညစာအတွက်တော့ကျေးဇူးတင်ပါတယ်။ဒါပေမယ့်ရှင်အခုထွက်သွားရမယ်...!"

"ရှင့်မှာပိုက်ဆံအများကြီးရှိလို့ ဒီလိုလူတွေကိုအုပ်ချုပ်နိုင်မယ်လို့ ရှင်ထင်နေတာလား?ရှင်ချမ်းသာတာနဲ့ပဲ ရှင်ပြောသမျှစကားတိုင်းကို လူတိုင်းကနားထောင်ပေးရမှာလား?ကျွန်မကတော့အဲ့လိုလူတွေထဲတစ်ယောက်မဟုတ်ဘူးဇီဟန်..."

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now