16 - 20

447 32 1
                                    

အခန်း(၁၆) ကူးယူရယူခြင်း

လမ်းပြရှေးဟောင်းမြို့အပြင်ဘက်တွင် သဘာဝပေါက်ပင်များသည် ပုံမှန်မဟုတ် ထူပိန်းစွာပေါက်ရောက်နေ၏။ ကျုံး၏ ကမ်းစပ်တွင် မိုးမခပင်များ စီတန်းလျက်ပေါက်ရောက်နေကြပြီး အပင်တိုင်းသည် ၁၀မီတာကျော် မြင့်မားရှည်လျားကြ၏။ သာမန်မြက်ပင်များသည် လူတစ်ယောက် ၏ အရပ်တစ်ဝက်နီးပါး လမ်းဘေးနှစ်ဖက်တွင် ပေါက်ရောက်နေကြသည်။
ကျုံးရေ၏ မျက်နှာပြင်တွင် လှေတစ်စီးအရွယ် ကြာပင်များနှင့် ပြည့်နေသည်။ ကြာပန်းများသည် စကောအရွယ်ရှိကြပြီး သူတို့၏ ထူးဆန်းသည့်အနီရောင်များသည် သွေးနှင့်ဆေးဆိုးထားသလို ဖြစ်နေသည်။
နယ်မြေချိတ်ဆက်မှု၏ အကျိုးသက်ရောက်မှုကြောင့် ပတ်ဝန်း ကျင်ရှိ တိရစ္ဆာန်များသည် သန္ဓေပြောင်းလဲမှု အဆင့်ဆင့် ကြုံတွေ့ ခဲ့ကြသည်။ သို့သော် ပြောင်းလဲမှုများသည် အတွင်းပိုင်းနယ်မြေ လောက်မဆိုးရွာပေ။
ရှေးဟောင်းမြို့အပြင်ဘက်တွင်  စစ်စခန်းတစ်ခုတည်ရှိပြီး စစ်သားများသည် တင့်ကားများနှင့် ကင်းလှည့်နေသည်။ ဝင်ခွင့် တံဆိပ်မပါဘဲ ရှေးဟောင်းမြို့ထဲ မည်သူမျှ ဝင်ခွင့်မရှိချေ။
ပတ်ဝန်းကျင်နယ်မြေတွင် ဝေဟင်ပစ်ဒုံးပျံများ တပ်ဆင်ထား သည်။ သို့သော် ကျိုးဝမ်သည် တစ်ခါမှ ထိုဒုံးပျံများ ပစ်သည်ကို မမြင်ဖူးပေ။
အမှန်တကယ်တော့ မျိုးနွယ်ခြား သတ္တဝါများကို လက်နက်ခဲယမ်းနှင့် ပတ်သက်ပြီး ကိုင်တွယ်ရာတွင် မြင့်မားစွာ ကန့်သတ်ချက်ရှိသည်။ အနည်းငယ်သော ပျက်စီးမှုသည်ပင် အကျိုးသက်ရောက်မှုများစွာ ရှိသည်။ အနုမြူဗုံးတစ်လုံးကို ချိတ်ဆက်မှုနယ်မြေမှာ ဖောက်ခွဲ လိုက်လျှင် ရေဒီယိုသတ္တိကြွအင်အားများကို မျိုးကွဲများက ပိုမိုစုပ်ယူ ပြီး ပိုကြောက်စရာကောင်းသည့် မျိုးရိုးဗီဇပြောင်းလဲမှုများ ဖြစ်လာ သည်။
ပုံမှန်ကျည်ဆန်သည် ပိုလို့ပင်အသုံးမဝင်ပေ၊ မျိုးကွဲများသည် ကျည်ဆံကို ဝါးမျိုပြီး သူတိုနှင့် ပေါင်းစပ်လိုက်သည်။ ထူးခြားသော သတ္တုနှင့် ပြုလုပ်ထားသည့် ကျည်ဆန်သည်သာ မျိုးကွဲသတ္တဝါများ ကို ထိခိုက်နိုင်သည်။ သို့သော် သတ္တုများသည် အလွန်ရှားပါးလှ၏။ ကျည်ဆန်ပြုလုပ်ခြင်းသည် ဖြုန်းတီးမှုဟုယူဆပြီး အနီးကပ် တိုက်ပွဲသုံး ဓား၊ ဆေဘာများပြုလုပ်အသုံးပြုသည်။
လက်နက်ခဲယမ်းများသည် မျိုးကွဲများနှင့် ရင်ဆိုင်ရာတွင် များစွာ အသုံးမဝင်ဘဲ လူသားများအပေါ်ပင် များစွာထိခိုက်နိုင်ချေ ရှိသည်။ ယနေ့ခေတ်တွင် အဆိုပါလက်နက်များကို လူ့အသိုင်း အဝိုင်းကို ကာကွယ်ရန်အတွက်သာ အဓိကထား အသုံးပြုသည်။
ကျိုးဝမ်တွင် ဝင်ခွင့်တံဆိပ်မရှိသော်လည်း သူ၏ ကျောင်းသား တံဆိပ်သည် တစ်ခါအသုံးပြုနိုင်သည်။ တိုက်ခိုက်ရေးစာမေးပွဲတွင် ထိုတံဆိပ်သည် လမ်းပြရှေးဟောင်းမြို့၏ မြောက်ဘက်ဂိတ်ကို တစ်ခါဝင်ခွင့်ရှိသည်။
လမ်းပြရှေးဟောင်းမြို့တွင် ဂိတ်တံခါးလေးပေါက်ရှိသည်။ မြို့တစ်ပတ်လုံးပတ်ရန် အနည်းဆုံး (၅)ကီလိုမီတာ =(၃)မိုင်ကျော် လောက်ရှိသဖြင့် မြို့သေးသည်ဟု ပြောမရပေ။ သို့သော် နယ်မြေ ချိတ်ဆက်မှုမုန်တိုင်းကျရောက်ပြီး လမ်းပြရှေးဟောင်းမြို့သည် မျိုးနွယ်ခြားနယ်မြေချိတ်ဆက်မှုဖြစ်လာသည်။ မူလရှေးဟောင်းမြို့ အရွယ်အစားထက် နယ်မြေသည် အဆများစွာကြီးမားလာသည်။ ယနေ့တိုင် လူသားများ ထိုနေရာတစ်ခုလုံးကို မရှာဖွေနိုင်သေးချေ။
ဝင်ခွင့်ပြုသည့် ဂိတ်တံခါးပေါ်မူတည်ပြီး ခြားနားသော မျိုးကွဲ သတ္တဝါများနှင့် တွေ့နိုင်သည်။ မြောက်ဘက်ပေါက်ဂိတ်တံခါးမှ မျိုးကွဲများမှာ အားအနည်းဆုံး ဖြစ်သည်။ ပုံမှန်အားဖြင့် အန္တရာယ် မရှိသော်လည်း အတွင်းပိုင်းသို့အများကြီး မစွန့်စားရန်လိုသည်။ ကျောင်းသားများကို စီစစ်ပြီး လေးယောက်တစ်အုပ်စုပုံစံဖြင့် ဝင်ခွင့် ပြုသည်ရာ ကျိုးဝမ်သည် ရှေးဟောင်းမြို့ဂိတ်တံခါးအပြင်ဘက်တွင် လီရွှမ်နှင့် မမြင်ဖူးသေးသည့် အခြားနှစ်ယောက်ကို စောင့်နေ၏။ ကံကောင်းသည်မှာ ဝင်ခွင့်ပိတ်ရန် အချိန်အနည်းငယ် လိုသေး၏။ ရှေးဟောင်းမြို့၏ မြောက်ဘက်တံခါးမှာ ရှေးကျပြီး လျှို့ဝှက်ဆန်း ကြယ်သောပုံစံရှိ၏။ အုတ်ခဲများသည် ကွက်တိကွက်ကျား အရောင် စွန်းထင်းနေပြီး ရာသီဉတုဒဏ်ကြောင့် အစက်အပြောက်များ ဖြစ်နေ၏။
သို့သော်လည်း ကျိုးဝမ် ကြားဖူးသည့်ပုံပြင်များတွင် စစ်တပ် အုပ်စုများသည် လမ်းပြရှေးဟောင်းမြို့ကို ပေါက်ကွဲအားပြင်းထန် သည့် များပြားသောလက်နက်ခဲယမ်းများဖြင့် အချိန်(၁၀)မိနစ်ကျော် ကြာအောင် အမြောက်ပစ်ဗုံးကြဲခဲ့ကြသည်။ စွန့်ပစ်ရှေးဟောင်းမြို့ သည် မပျက်စီးသည့်အပြင် အနည်းငယ်တောင် မတုန်လှုပ်ဟု သိခဲ့ ရသည်။
မြို့ဂိတ်တံခါးအထက် သစ်သားဘုတ်ပြားတစ်ချပ်ပေါ်တွင် လမ်းညွှန်မြို့ ဟု ရိုးရာစာလုံးများဖြင့် ရေးသားထားသည်။ စာလုံး များသည် ရှေးဆန်ပြီး ဖျက်လတ်သည့်ဟန်ပါသည့်အသွင်ဖြင့် နှစ်ထောင်ပေါင်းများစွာကြာသည့်တိုင်အောင် နှစ်လိုဖွယ်ရှိနေ၏။
ကျိုးဝမ်၏ အကြည့်သည် သစ်သားဘုတ်၏ အောက်ဆုံးတွင် ရှိနေသော ထူးဆန်းသည့် အမှတ်အသားကို နောက်ဆုံးကျရောက် သွားသည်။
ထိုအမှတ်အသားကြည့်ရသည်မှာ ကလေးလက်တစ်ဝါးအရွယ် အပိန့်အချိုင့်လေးနှင့် တူသည်။ သို့သော် အတွင်းထဲရှိ အမှတ်အသား မှာ စိတ်အာရုံကို အလေးအနက်စွဲထင်စေသောပုံစံဖြစ်ပြီး မီးသီး အရွယ် ကြက်သွန်နီ(သို့)ကြက်သွန်ဖြူ နှင့် တူသည်။ လမ်းပြ ရှေးဟောင်းမြို့တွင် အတိတ်တုန်းက အဆိုပါအမှတ်အသား မရှိခဲ့ ပေ၊ နယ်မြေချိတ်ဆက်မှုမုန်တိုင်းတိုက်ခက်ပြီးနောက် ထိုထူးဆန်း သည့်အမှတ်အသားပေါ်လာသည်ဟု သမိုင်းထဲတွင် ဖော်ပြထား၏။ သို့သော် ဘယ်သူမှ အဓိပ္ပါယ်ကို မသိသလို ဘယ်သူထွင်းခဲ့သည်ကို လည်း မသိကြချေ။
ကျိုးဝမ် အမှတ်အသားကို လေ့လာနေစဉ် သူ၏ဖုန်းတုန်ခါလာ သည်ကို ရုတ်တရက်ခံစားလိုက်ရသည်။ ဆရာယုချိုးပိုင် (သို့) လီရွှမ် ထံမှ သူ့ကိုရှာနေသောဖုန်းဟု ယုံကြည်လိုက်ပြီး အိတ်ကပ် ထဲသို့နှိုက်ကာ ထုတ်လိုက်သည်။ တခဏအတွင်း သူကြောင်အသွား သည်။ အဘယ့်ကြောင့်ဆိုသော် အိတ်ကပ်ထဲရှိတုန်ခါနေသော ဖုန်း သည် သူပုံမှန်အသုံးပြုသည့် ရိုးရိုးဖုန်းမဟုတ်ဘဲ ထူးဆန်းသည့် ဖုန်းဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုဖုန်းသည် ဖုန်းခေါ်သည့် အရာမပါသလို တုန်ခါမှုလုပ်သည့်ဟာလည်း မပါပေ။ ဒါဆို ဘယ်လိုလုပ် ရုတ်တရက်ကြီး ဘာဖြစ်တာလဲ?
ပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိသည်နှင့် ကျိုးဝမ်သည် ဖုန်းကိုထုတ်လိုက်ရာ မျက်နှာပြင်သည်အလိုအလျောက်လင်းနေ သည်။ ဖုန်းကင်မရာသ‌င်္ကေတသည် လင်းလက်စွာပေါ်လာသည်။
“ဘာလို့ ငါအရင်တုန်းက ဒီကင်မရာသင်္ကေတကို မမြင်ခဲ့ပါ လိမ့်၊ ဘာအတွက်အသုံးပြုရာမှာပါလိမ့်၊ သူကငါ့ကို ဆဲလ်ဖီပုံရိုက် စေချင်တာလား” ကျိုးဝမ် အကြံရခက်စွာဖြင့် ကင်မရာသင်္ကေတကို နှိပ်လိုက်သည်။
သာမန်ဖုန်းလိုပင် ထိုအရာသည် ဓာတ်ပုံရိုက်သည့်နည်းလမ်း သို့ ဝင်ရောက်သွားသည်။ သို့သော် ထိုအရာသည် ကျိုးဝမ်ကိုယ့်ကို ကိုယ် ဓာတ်ပုံရိုက်မရဘဲ နောက်ကင်မရာသာ အလုပ်လုပ်သည်။
ရှေးဟောင်းမြို့တွင် ဓာတ်ပုံရိုက်ခြင်းကို မတားမြစ်ထား၍ တော်သေးသည်။ ထို့ကြောင့် သူကင်မရာထုတ် ဓာတ်ပုံရိုက်နေသည် ကို စစ်သားများသည် မြင်သော်လည်းလာတားမြစ်ခြင်းမရှိပေ။
ကျိုးဝမ် ဖုန်းကိုမြှောက်ကာ သူ့အနီးအနားမှာ ရှိသော သဘာဝ ပေါက်ပင်ကို ချိန်ပြီး ဓာတ်ပုံရိုက်ရန် ကြိုးစားလိုက်သည်။
သူသည် အလျင်အမြန်ပဲ နားလည်သွားသည်။ ထိုအရာသည် သိသရွေ့တော့ ကျိုးပျက်နေပြီဖြစ်ပြီး ဓာတ်ပုံရိုက်ရန် အောက်ခြေ သင်္ကေတကို နှိပ်လို့မရဘဲ ဖြစ်နေသည်။
သည်ဖုန်းက ဓာတ်ပုံရိုက်မရဘူးဆိုတော့ လက်ဗွေဖတ်သည့် အရာဟု ထင်၍ သူ့လက်ချောင်းများနှင့်စမ်းသပ်သော်လည်း အလုပ် မဖြစ်ပေ။
ဒါကဘာလုပ်တဲ့ဟာလဲ? ကျိုးဝမ်သည် ဖုန်းကို အနီးအနား ပတ်လည်ကို မြှောက်ဝေ့လိုက်သည်။ မြို့ဂိတ်တံခါး၏ သေးငယ် သောလက်ပုံစံအမှတ်အသားသည် ဖုန်းမျက်နှာပြင်တွင် ပေါ်လာ သည်နှင့် အသံမြည်လာသည်။ ထူးဆန်းစွာ ဖုန်းသည် တုံ့ပြန်လာ သည်။
ကျိုးဝမ် သတိထားပြီး ဂုရုတစိုက်ကြည့်လိုက်သည်။ ဖုန်းမျက် နှာပြင်တွင် အစိမ်းရောင်သေတ္တာတစ်လုံးပေါ်လာပြီး သော့ခတ်ထား ကာ အောက်ခံမှာ မြို့ဂိတ်တံခါးပုံနှင့် ထူးဆန်းသည့်လက်ဝါး ပုံစံ အမှတ်အသား ပုံပေါ်နေသည်။
အစီအစဉ်တကျ သုံးကြိမ်မည်ပြီးနောက်   ထိုထူးဆန်းသည့် အမှတ်အသားသည် မြင်ကွင်းကြီးလာပြီး ထိုရှေးဟောင်းမြို့ နောက်ခံပုံမှာ တစ်ဖြည်းဖြည်းဝါးသွားကာ
“လုပ်ဆောင်နေပါပြီ” စာလုံးပေါ်လာသည်။
ဖြစ်နိုင်တာက……. ကျိုးဝမ်သည် သူ၏ဖုန်းနှင့် လုပ်ဆောင် နေပါပြီ မျက်နှာပြင်ကို ကြည့်ရင်း အတွေးများက သူ့စိတ်ထဲတွင် အဆက်မပြတ်ပေါ်နေ၏။ ထိုအတွေးများက သူ့ကို ကြောက်ရွံ့စေ သလို သူ၏တွေ့ရှိချက်ကို မယုံနိုင်အောင် ဖြစ်နေသည်။
သိပ်မကြာခင်တွင် သူခန့်မှန်းချက်မှာ မှန်ကန်သည်ကို ဖုန်းက သက်သေပြလိုက်သည်။ လုပ်ဆောင်နေခြင်း ပြီးပြည့်စုံသွားသည်နှင့် လက်ပုံစံအမှတ်အသားသည် သ‌င်္ကေတအသွင်း ဖုန်းမျက်နှာပြင်မှာ ပေါ်လာသည်။ ထိုအရာသည် ပုရွက်ဆိတ်အသိုက်ပုံဘေးတွင် “ရှေးဟောင်းအင်ပါယာမြို့တော်” ဟူပြီး ပေါ်လာသည်။
“ဒီဟာက ဂိမ်းနယ်မြေတစ်ခု တကယ်ကြီးဖြစ်လာတာလား” ကျိုးဝမ် ကျေနပ်ပြီး အံ့ဩနေကာ သူသည် ဝမ်းမြောက်စွာဖြင့် ရှေးဟောင်းအင်ပါယာမြို့တော် သင်္ကေတကို နှိပ်လိုက်၏။
အမှန်တကယ်ပင် ဖုန်းမျက်နှာပြင်တွင် ရင်းနှီးနေကြ ဂိမ်းအဖွင့် လိုဂိုပေါ်လာသည်။ ခဏကြာသော်မျက်နှာပြင်သည် ရှေးဟောင်းမြို့ ၏မြောက်ဘက်ဂိတ်ပုံ ပြောင်းလဲသွားသည်။ အပြင်နှင့် မတူညီသည် မှာ ဂိတ်တံခါးသည် ဖွင့်ထားပြီး ဖြစ်သည်။
ကျိုးဝမ် သူ၏သွေးတစ်စက်ကို ဖုန်းမျက်နှာပြင်ပေါ်ချလိုက် သည်နှင့် အနီရောင်ကိုယ်ပွားပုံပြောင်းလဲသွားပြီး ဂိတ်တံခါးထဲသို့ တိုက်ရိုက်ဝင်သွားသည်။
လေးထောင့်ပုံစံကျောက်တုံးများခင်းထားသည့် ရှေးဟောင်း လမ်းလေး နှင့် အလွန်ရှေးကျသည့်ပုံစံ သစ်သားအဆောက်အဉီးများ မြင်ကွင်းက ကျိုးဝမ်ကို ကြိုဆိုနေသည်။ ကျိုးဝမ်သည် လမ်းပြ ရှေးဟောင်းမြို့အတွင်းသို့ တစ်ခါမှမဝင်ဘူးသော်လည်း အင်တာ နက်ဗီဒီယိုများမှတဆင့် ရင်းနှီးနေသည်။ အခုသူမြင်နေရသည့် ဂိမ်းမြင်ကွင်းမှာ အတူတူပင်ဖြစ်သည်။
ကျိုးဝမ် နှိုင်းယှဉ်မှုပြုလုပ်နေစဉ် လမ်းပေါ်တွင် အဝတ်အစား စုတ်ပြတ်နေသည်သည့် အရိုးခြောက်သည် တင်းပုတ်ကြီးကိုင်၍ ပေါ်လာပြီး ‌ သွေးနီရောင်ကိုယ်ပွားကို တိုက်ခိုက်လိုက်သည်။
ကျိုးဝမ်သည် ထိုသတ္တဝါကို ဗီဒီယိုများတွင် တွေ့ဖူးသည်။ ထိုအရာသည် လမ်းပြရှေးဟောင်းမြို့၏ မျိုးနွယ်ခြားသတ္တဝါ အရိုးစစ်သား ပင်ဖြစ်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now