အခန်း(၁၆၁) ဘယ်သူက ပထမလဲ?
"တကယ်လို့ သူရောင်းချနိုင်တယ်ဆိုရင်ကို အံ့ဩစရာကောင်း နေမှာပဲ၊ တွဲဖက်သားရဲတွေနဲ့ ပတ်သက်လာရင်တော့ ငါတို့အမှန် တကယ်ကို သူ့လောက်မသန်မာနိုင်ဘူး၊ ကံဆိုးတာက တားမြစ်ခြင်း မြို့တော်မှာ တွဲဖက်သားရဲကို အသုံးပြုခွင့်မပေးထားဘူးလေ၊
ဘယ်သူက သူ့ဗျူဟာကို လိုအပ်နေမှာလဲ?"
လီကျိုး သည် သူ့နှုတ်ခမ်းများကို စုဝိုင်းလိုက်ပြီး ကျိုးဝမ် ထွက် သွားသည်ကို ကြည့်နေလိုက်သည်။
သူ့ဘေးတွင် ရှိနေသည့် မိန်းကလေးတစ်ယောက်မှ ထပ်ထည့် ပြောလိုက်သည်
"သူက ဂျွန်ကို အနိုင်တိုက်နိုင်တာနဲ့ သူ့ကိုယ်သူ သန်မာတယ် ထင်နေတာပဲ၊ ဒါပေမယ့် အဲဒါတွေအားလုံးက သူ့တွဲဖက်သားရဲ တွေကြောင့်ပဲကို၊ဗျူဟာလမ်းညွှန်တစ်ခုရေးပြီးငါတို့လို အထူးတန်း ကလူတွေကို ရောင်းရဲတာကတော့ အမှန်တကယ်ကို ဘဝင်မြင့်တာ ထက်ကို ကျော်လွန်နေပြီမလား"
"ငါတို့အထူးအတန်းထဲက အန်ကျင့်၊ ဝမ်လု ဒါမှမဟုတ် ဖုန့်ကျိုးယန်တို့လို ပါရမီရှင် တွေကို မပြောတော့ဘူး၊ အတန်းထဲက အားလုံးနီးပါးက သာမန်အတန်းက ကျောင်းသူ၊ ကျောင်းသားတွေ ထက်ကို သာလွန်နေတာပဲ၊
တကယ်လို့ သူက ဗျူဟာလမ်းညွှန်ကို ရေးချင်တယ်ဆိုတော့ သူ့အတန်းထဲက လူတွေအတွက်ပဲ ရေးသင့်တယ်"
အထူးခွင့်ပြုချက်ရ ကျောင်းသူ၊ ကျောင်းသားအချို့သည် သူတို့ ၏ အမြင်များကို ဖလှယ်နေကြသည်။ ကျိုးဝမ်မှ ဗျူဟာလမ်းညွှန် ကို သူတို့အား ရောင်းချရန်ကြိုးစားသည်ကို မကျေမနပ်ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းသည် သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်နေသည်။
ဝမ်လု သည် မျက်မှောင်ကြုတ် အနည်းငယ်ကြုတ်သွားပြီး ဝင်ပြောလိုက်သည်
"ကျိုးဝမ် က အမှန်တကယ်ကို ပါရမီရှင်ပဲ၊ သူရေးထားတဲ့ လမ်းညွှန်ကနေ တစ်စုံတစ်ခု သင်ယူနိုင်မှာပါ၊ ဒါပေမယ့်လည်း ငါတို့ က မဝယ်လိုက်ဘူးလေ၊ ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ် လေ့ကျင့် ချင်လို့ပဲ၊ ဒါကြောင့် သူ့ကို သေးသိမ်အောင် ပြုလုပ်စရာ မလိုအပ်ပါ ဘူးလေ"
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...