591 - 595

274 17 0
                                    

အခန်း(၅၉၁) နတ်သစ်သီးသံသယများ

အန်ထျန်းကျိုသည် ဆိုဖာပေါ်တွင် နောက်မှီထိုင်ချလိုက်၏။ အန်ရှန့်သည် မမေးမြန်းခင် အန်ထျန်းကျိုအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်

"ဒီကိစ္စအပေါ် ဘယ်လိုမြင်လဲ.. ကြီးကြပ်ရေးမှူး.."

"ဒီကိစ္စအပေါ်မှာ မင်းရဲ့ အတွေးကရော ဘာလဲ.."

အန်ထျန်းကျိုသည် သူ့လက်ချောင်းကို လက်ဖက်ရည်ခွက်ပေါ် တင်ပြီး ပွတ်နေခဲ့သော်လည်း မြှောက်ပြီးသောက်ရန် ရည်ရွယ်ထား ပုံ မရပါ။

"ဝမ့်မင်ယွမ်က အရမ်းစွမ်းအားကြီးတယ်..သူက သစ်သီးရဲ့ မှော်ဆန်တဲ့ အာနိသင်တွေကို ပြသပြီး တောက်ပသောလိပ်ပြာ ဘုရင်မနဲ့ သက်သေထူခဲ့တယ်… သူက အများကြီးမပြောပေမယ့် ပြောသမျှစကားလုံးတိုင်းဟာ ခံနိုင်ရည်မရှိအောင် ဆွဲဆောင်မှုတွေ နဲ့ ပြည့်နှက်နေတယ်… ဒါပေမယ့် အကို သေချာစဉ်းစားကြည့်မယ် ဆိုရင် သူက အဓိကမေးခွန်းနဲ့ပတ်သက်ပြီး စကားတစ်ခွန်းမှ မပြော ခဲ့တာကို နားလည်သွားလိမ့်မယ်…"

        အန်ရှန့် ပြန်ဖြေလိုက်သည်။

အန်ထျန်းကျိုသည် သူ့လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး တစ်ငုံ သောက်လိုက်၏။ လက်ဖက်ရည်အရသာကို ခံစားပြီးနောက် လက်ဖက်ရည်ခွက်ကို အောက်ချလိုက်ပြီး  မေးလိုက်သည်။

        "ငါ့ကို ပြောစမ်းပါဦး… အဓိကမေးခွန်းက ဘာလဲ…"

"ပထမတစ်ချက်… အဲဒီအသီးရှိတဲ့ သစ်ပင်က ဘယ်နေရာမှာ မှန်း ကျွန်တော်တို့ မသိဘူး… တစ်စုံတစ်ယောက်က အဲဒီသစ်သီးကို အမှန်တကယ် ဆွတ်ခူးနိုင်မလားဆိုတာ ကျွန်တော်တို့ မသေချာနိုင် ဘူး…သူက သစ်သီးရဲ့ စွမ်းရည်တွေကို ပြသပြီး ဖြစ်ပေမယ့်လည်း တောက်ပသောလိပ်ပြာဘုရင်မက တွဲဖက်သားရဲလား၊ ဒိုင်မေးရှင်း ထဲက မျိုးနွယ်ခြားသတ္တဝါတစ်ကောင်လား ဒါမှမဟုတ် သာမန် ခူကောင်တစ်ကောင်လားဆိုတာ ကျွန်တော်တို့ မသိနိုင်သေးဘူး… ၎င်းက အစကတည်းက ဒဏ္ဍာရီလာအဆင့်သတ္တဝါတစ်ကောင်ရဲ့ ခွန်အားနဲ့ သတ္တဝါတစ်ကောင်လည်း ဖြစ်နိုင်တယ်… သစ်သီးက ၎င်း ကို လှုံ့ဆော်ပေးရုံဖြစ်ပြီး ခွန်အားအစစ်အမှန်ကို ပြသနိုင်အောင်သာ ခွင့်ပြုပေးထားတာလည်း ဖြစ်နိုင်တယ်…."

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now