421 - 425

190 21 0
                                    

အခန်း(၄၂၁) ဒဏ္ဍာရီလာတွဲဖက်သားရဲ

"ဒေါက်တာလု.. ငါ တကယ်စိတ်မကောင်းပါဘူး… အမှန်ပြော ရရင် စစ်သားတွေကို ကုသပေးတာက ငါ့တွဲဖက်သားရဲရဲ့ စွမ်းရည် ပါ…ပဋိပစ္စည်းအတွက်ကတော့ ကျွနတော်လည်း မသေချာဘူး… တွဲဖက်သားရဲရဲ့ သက်ရောက်မှုကလည်း ဘယ်လောက်ကြာမယ် မှန်း ငါလည်း မသိဘူး…ငါက မင်းကို ကူညီချင်ပေမယ့်လည်း ငါ လုပ်နိုင်တာ အများကြီး မရှိဘူး… တကယ်လို့ စစ်သားတစ်ယောက် ဒီလိုဒဏ်ရာမျိုး ခံစားခဲ့ရမယ်ဆိုရင် အချိန်မရွေး ငါ့ဆီဖုန်းဆက် လိုက်ပါ"

        ကျိုးဝမ် အမှန်အတိုင်း ရှင်းပြလိုက်သည်။

        လုဆု သည် ကျိုးဝမ်ပြောစကားများကို ကြားရသောအခါ အနည်းငယ် စိတ်ပျက်သွားသည်။ တွဲဖက်သားရဲများ၏ ရှေးဦးမူလ စွမ်းအားသိုင်းကျွမ်းကျင်မှုများသည် ပုံမှန်အားဖြင့် ယာယီဖြစ်သည်။ မေးခွန်းထုတ်သည့်အချိန်တွင် ၎င်းတို့သည် အသုံများနေသော် လည်း သက်တမ်းတစ်ခု ကျော်လွန်သွားပါက မည်သို့မျှ အသုံးမဝင် နိုင်တော့ပါ။ ၎င်းတို့သည် ပဋိပစ္စည်းလည်း ဖွဲ့စည်းနိုင်ခြင်း မရှိပါ။

    "ဒီခေတ်မှာ တွဲဖက်သားရဲတွေက ဆေးပညာလောကမှာ ပိုပြီး ပိုပြီး ပျံ့နှံ့လာနေကြတယ်…ဒီလို တွဲဖက်သားရဲတစ်ကောင်ရှိတာက ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ အခြေအနေကောင်းတစ်ခု ဖြစ်နေ ပါပြီ…မင်း ငါ့ဆီကနေ ဆေးပညာဗဟုသုတအချို့ သင်ယူဖို့ စိတ်ဝင် စားလား?"

    လုဆုသည် ယခုလိုတွဲဖက်သားရဲရှိနေသော ကျိုးဝမ်သည် ဆရာဝန် မဖြစ်ရခြင်းမှာ အလဟဿဖြစ်လိမ့်မည်ဟု ခံစားနေရ၏။

        ကျိုးဝမ် သည် သူ့ခေါင်းကို ခါပြီး ပြန်ဖြေလိုက်သည်

"တကယ်ကိုတောင်းပန်ပါတယ်ဗျာ..ငါ့မှာလုပ်စရာတွေ အများ ကြီး ရှိနေသေးတယ်..ငါ့မှာ ပုံမှန်အားဖြင့် အချိန်သိပ်မရှိဘူး"

        လုဆု အနည်းငယ် စိတ်ပျက်သွားသော်လည်း သူမသည် ဘာမှ ထပ်မပြောတော့ပါ။ ကျိုးဝမ် သည် အဖုအပိန့်များကို ကုသပေးနိုင် သောစွမ်းရည်ရှိနေမှဖြင့် ဤသည်မှာပင် မမျှော်လင့်ထားသော ကံ ကောင်းမှုကြီး ဖြစ်နေလေပြီ။ အသေအပျောက်များစွာကို လျှော့ချ နိုင်ပြီ ဖြစ်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now