771 - 775

249 29 0
                                    

အခန်း(၇၇၁) ကျင့်တာရှန်းနှင့် ထပ်မံ တွေ့ဆုံခြင်း

       ကျိုးဝမ် သည် အဖိုးအို၏ ဆုပ်ကိုင်မှုမှ လွတ်မြောက်ရန် သူ့ ခွန်အားကို စုဆောင်းဖို့ ကြိုးစားရင်း သူ့ဆံပင်များ ထောင်မတ်ကုန် သည်ဟု ထင်မိသည်။ အန်ရှန့် လည်း တစ်ခုခုလွဲမှားနေသည်ဟု နား လည်သွားပြီး အဖိုးအိုကို စေ့စေ့ကြည့်ရင်း အချိန်မရွေး တိုက်ခိုက်နိုင် ရန် ပြင်ဆင်လိုက်သည်။

       ကျိုးဝမ် အံ့အားသင့်သွားသည်မှာ အဖိုးကြီးက သူ့လက်ကို လွှတ်လိုက်ပြီး သစ်သားကမ္ဗည်းပြားပုံသဏ္ဍာန်ရှိသော ရတနာမြေပုံ တစ်ခုကို ကောက်ယူလိုက်ခြင်း ဖြစ်သည်။ သူက ကျိုးဝမ်ကို လက် ကမ်းပေးလိုက်ပြီး ပြုံးရင်း ပြောလိုက်သည်။

       " ကောင်လေး…ဒီရတနာမြေပုံက အိမ်ပေါ်မှာ… တူးပြီး ကြည့် ကြည့်ပါ… ရတနာတစ်ခုကို တူးဖော်နိုင်ရင် ငါ့ဆီက ရတနာမြေပုံ တွေကို ဝယ်ဖို့ သိပ်နောက်ကျမှာ မဟုတ်ဘူး…"

       ကျိုးဝမ် သည် အဘိုးအိုအား စိုက်ကြည့်ကာ အကဲခတ်လိုက် သော်လည်း သူ့မျက်လုံးများမှလွဲ၍ ကျင့်တာရှန်းနှင့် ဆင်တူသော အချက်များ ရှိမနေပါ။ အဘိုးအိုထံတွင် ကျင့်ကြံသူတစ်ဦးတွင် ရှိသင့် သည့် ရှေးဦးမူလစွမ်းအားအတက်အကျနှင့် အသက်ဓာတ် ကြွယ်ဝ ခြင်းကိုပင် အာရုံခံ၍ မရနိုင်ပါ။ အကယ်၍ အဖိုးအိုက သူ့ကို ဖမ်းဆွဲ ခြင်းမပြုခဲ့လျှင် ကျိုးဝမ်သည် ၎င်းကို သာမန်လူတစ်ယောက်ဟုသာ ထင်မှတ်မိလိမ့်မည်…။

       " ငါ့လို အဘိုးကြီးတစ်ယောက်နဲ့ ဘာမှ အားနာနေစရာ မလိုပါ ဘူးကွာ… တူးကြည့်ပါ… မင်းက အင်မော်တယ်တစ်ယောက်ရဲ့ ရတနာတစ်ခုကို တူးဖော်နိုင်လိမ့်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ… ဒါပေမယ့်လည်း အင်မော်တယ်ရတနာဆိုတာ လူတိုင်းမရယူနိုင်ဘူး … ပျောက်ဆုံးအင်မော်တယ်ကျင့်စဉ် မရှိရင် မင်း ပြန်မရနိုင်တော့ မှာကို ငါ ကြောက်မိတယ်…"

      အဖိုးအိုက ရတနာမြေပုံကို ကျိုးဝမ်၏ လက်ထဲသို့ ထိုးသိပ် ထည့်လိုက်သည်။

  ကျိုးဝမ်သည် ထိုစကားကို ကြားရသောအခါ သူ့ရှေ့ရှိ အဖိုးအို သည် ကျင့်တာရှန်း အလွန်ဖြစ်နိုင်သည်ဟု ခံစားခဲ့ရသည်။ မဟုတ် လျှင် သူသည် " ပျောက်ဆုံးအင်မော်တယ်" ဆိုသည့် စကားလုံးကို အဘယ့်ကြောင့် ပြောလာခဲ့သနည်း…။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now