အခန်း(၆၄၆) လူသေ
လမ်းတစ်လျှောက်ရှိ နှိပ်စက်ညှင်းပန်းရေးအခန်းများကို ပိတ် လိုက်သောအခါမှ ကျိုးဝမ် သည် အတင်းအကြပ်ဖြင့် တည်နေရာ ရွှေ့ပြောင်းကာ ယခင်ရပ်နေခဲ့သောကျောက်ပြားပေါ်သို့ ပြန်ရောက် သွားစေသည်။
ကျိုးဝမ်၊ လျှိုယွင် နှင့် ချူဟယ် တို့သည် ကျိုးဝမ်၏ ခြေဖဝါး အောက်ရှိ ကျောက်ပြားကို ကြည့်လိုက်ရာ နံပါတ်သည် ၁၃၆၉ သို့ ပြောင်းလဲသွားခဲ့ကြောင်း တွေ့လိုက်ရသည်။ တစ်နည်းအားဖြင့် ကျိုးဝမ် သည် နှိပ်စက်ညှင်းပန်းရေးအခန်းဖွင့်စဉ် ခြေလှမ်းပေါင်း တစ်ထောင်ကျော် ရရှိခဲ့သည်။ ကျိုးဝမ် တိတ်တဆိတ်မှတ်သားထား ခဲ့သော နံပါတ်နှင့် အတူတူပင် ဖြစ်သည်။
[ ဒီတော့ ဒါက ခြေလှမ်းအရေအတွက်တွေ အမှန်တကယ် တိုးလာနိုင်တာပဲ.. ]
ကျိုးဝမ် များစွာ စိတ်အေးလက်အေး ခံစားလိုက်ရသည်။ ငရဲ ဘုရင်၏ ခွန်အားဖြင့် မလုံလောက်သောခြေလှမ်းများနှင့် ပြဿနာ ကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် သူသည် လုံးဝစိတ်အေးလက်အေး မနေနိုင်ပါ။ ငရဲ ဘုရင်၏ ခွန်အားသည် နှိပ်စက်ညှင်းပန်းရေးအခန်းကို ခြိမ်းခြောက် နိုင်သော်လည်း မြေအောက်ကမ္ဘာမြို့တော်၏ စည်းမျဉ်းများကို တောင့်ခံနိုင်ခြင်း မရှိသေးပါ။
ကျိုးဝမ် သည် ငရဲဘုရင်၏ အသက်ဝိညာဉ်ကို ထိန်းသိမ်းရင်း ခြေတစ်လှမ်း လှမ်းနိုင်ခဲ့သည်။ နောက်ဆက်တွဲခြေလှမ်းများသည် လျော့နည်းနေဆဲ ဖြစ်သော်လည်း မြေအောက်ကမ္ဘာ၏ စည်းမျဉ်း များသည် သူ့အပေါ်တွင် သက်ရောက်မှုရှိနေဆဲဖြစ်ကြောင်း ညွှန်ပြ နေသည်။
ယခုအချိန်တွင် ခြေလှမ်းအရေအတွက် ပြဿနာကိုသာ သူ ဖြေရှင်းနိုင်ခဲ့သည်။ သူသည် မြေအောက်ကမ္ဘာမြို့တော်၏ သံမဏိ စည်းမျဉ်းသုံးခုကို မဖြေရှင်းရသေးပါ။ တတ်နိုင်သမျှ အမြန်ဆုံးထွက် ခွာရန် နည်းလမ်းတစ်ခုကို တွေးနေရမည် ဖြစ်သည်။
"မင်း…. ဘယ်လိုလုပ်လိုက်တာလဲ…"
ချူဟယ် သည် ကျိုးဝမ် ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ကျိုးဝမ်လိုမျိုး နှိပ်စက်ညှင်းပန်းခြင်းပြစ်ဒဏ်ကို ခံယူသည့်လူကို သူ တစ်ခါမှ မမြင်ဖူးပါ။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...