126 - 130

331 29 0
                                    

အခန်း(၁၂၆) လက်ကောက်

ကျိုးဝမ်သည် တမင်တကာပင် မြို့ထဲတွင်ရှိသည့် ရောင်းချသူတစ် ယောက်ကို ရွေးချယ်ခဲ့လိုက်သည်။ အင်တာနက်မှ သူမှာယူဝယ်ခဲ့ သည့် ငွေရောင်လက်ကောက်ကို နောက်တစ်နေ့ နေ့လည်တွင် လာ ရောက်ပို့ဆောင်လာသည်။ သူသည် ကောလိပ်ဂိတ်သို့  ပစ္စည်းယူပြီး ပြန်ရန်ပြင်လိုက်စဉ်အန်ရှန့်ကားမောင်းလာသည်ကို မြင်လိုက်၏။

“သခင်လေး ဝမ်၊ သခင်မက စားသောက်ဆိုင်မှာ အစား အသောက်တွေမှာထားပြီးလို့ သခင်လေးကို သူနဲ့အတူစားဖို့ ဆန္ဒရှိ နေပါတယ်”

အန်ရှန့်သည် အလွန်ယဉ်ကျေးပြီးပြောနေသည့်အတွက် ငြင်း ဆန်ရန်ပင် အခက်ကြုံနေရသည်။

ကျိုးဝမ်သည် အနည်းငယ်တွေးလိုက်သည်။ သူသည် စားသောက် ဆိုင်သွားရန်သာဖြစ်ပြီး အန်မိသားစုအိမ်တော်သို့ မဟုတ်သဖြင့် သွားခြင်းဖြင့် ဘယ်သူမှထိခိုက်နိုင်ခြင်း မရှိနိုင်ပါ။

  လက်ကောက်ထည့်ထားသည့်ဘူးမှာလည်း နေရာသိပ်မယူ သဖြင့် ကျိုးဝမ်သည် အဆောင်သို့အရင်မပြန်တော့ဘဲ အန်ရှန့် ကား အတွင်းသို့ ဝင်လိုက်သည်။

“သခင်လေးဝမ်၊ အေးဆေးနားလိုက်ပါဉီး၊ အဲဒီဆိုင်ရောက်ဖို့က နာရီဝက်လောက် ကြာပါလိမ့်မယ်”
အန်ရှန့်သည် ကျိုးဝမ်ကို ပြော လိုက်ရင်း ကားစက်နှိုးကာ မောင်းထွက်လိုက်သည်။

“မင်းက အန်ထျန်းကျိုရဲ့ တပ်ရေးဗိုလ်ကြီးမလား? ဘာလို့ အမလန်အတွက် အမြဲတမ်းလုပ်ပေးနေတာလဲ?”
ကျိုးဝမ် သိချင် စိတ်ဖြင့် မေးလိုက်သည်။

အန်ရှန့် ပြုံးပြီးပြောလိုက်သည်
“ကျွန်တော်က ကြီးကြပ်ရေးမှူး ရဲ့ တပ်ရေးဗိုလ်ကြီးပါ၊ ကျွန်တော့်ပုံမှန်တာဝန်များအပြင် ကြီးကြပ် ရေးမှူးရဲ့ လုံခြုံရေးကို ဂရုစိုက်ရသလို အန်မိသားစုရဲ့ လုံခြုံမှုကို လည်း ကြီးကြပ်ရပါတယ်၊ သခင်လေးအနေနဲ့ ကျွန်တော့်ကို အန်မိသားစုရဲ့ အိမ်တော်ထိန်းတစ်ဝက်အဖြစ်လည်း စဉ်းစားနိုင်ပါ တယ်”

ကျိုးဝမ်သည် ခေါင်းငြိမ့်လိုက်ပြီး နောက်ထပ် ဘာမှမပြော တော့ပါ။ နာရီဝက်ဆိုသည်မှာ အရမ်းရှည်လျားလွန်းသည်ဟု တွေး ရင်း ကျိုးဝမ်သည် အသုံးအဆောင်သေတ္တာကိုဖွင့်လိုက်ပြီး ငွေရောင် လက်ကောက်ကို ထုတ်ယူလိုက်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now