အခန်း(၉၃၁) ခေတ်သစ်
မြွေမွန်းစတားသည် ဂုံးကောင်၏ ရပ်တန့်ခြင်းကို ခံခဲ့ရသော် လည်း ရေခဲမိန်းမပျိုက တဟုန်ထိုး ပြေးလာခဲ့သည်။ မယုံနိုင်စရာ အရှိန်ဖြင့် ရေခဲအလင်းတန်းတစ်ခု ဆင်းသက်လာ၏။ ကျိုးဝမ်သည် အထွဋ်အထိပ်ပျံသန်းခြင်းကို ၎င်း၏ကန့်သတ်ချက်ရောက်အောင် တွန်းပို့ပြီးဖြစ်သော်လည်း ရေခဲအလင်းတန်းကိုရှောင်တိမ်းနိုင်ခြင်း မရှိသေးပေ..။
နောက်ဆုံးတော့ ကျိုးဝမ်သည် တော်ဝင်သူရဲကောင်းအဆင့် တွင်သာရှိသေးပြီး သူ့အရည်အချင်းကိန်းဂဏန်းများပင် အများကြီး အားနည်းနေသည်။
သူ့တယ်လီပို့ဆောင်ခြင်းကို ထပ်မံအသုံးပြုရုံမှလွဲပြီး အခြား ရွေးချယ်စရာ မရှိပေ..။ သို့သော်လည်း တယ်လီပို့ခြင်း အသုံးပြုရန် အကြိမ်များစွာ မကျန်ရစ်တော့ပါ။ သူ့အတွက် ကြာရှည်နေရန် မဖြစ် နိုင်တော့ပေ..။
အကယ်၍ သူသည် မြေကမ္ဘာလွတ်မြောက်ရေးကို အသုံးပြုနိုင် လျှင် ပင်လယ်ကြမ်းခင်းအောက်သို့ တယ်လီပို့ချင်ခဲ့သော်လည်း ရေခဲမိန်းမပျိုက သူ့အတွေးများကို ဖောက်ထွင်းမြင်နိုင်ပုံပေါ်သည်။ ပင်လယ်ကြမ်းခင်းတွင် ရေခဲအလင်းများ လင်းလက်ပြီးသောအခါ ပင်လယ်ကြမ်းခင်း၏ ကြီးမားသောဧရိယာကြီးမှာ ရေခဲပြင်ကြီး ချက်ချင်းဖြစ်သွားခဲ့သည်။ ၎င်းက ကျိုးဝမ်ကို သဲနှင့် ကျောက်တုံး များကို ထိရန် အခွင့်အရေးတစ်ခုတောင် မပေးခဲ့ပါ..။
ကျိုးဝမ်သည် တိုက်ခိုက်ရင်း နောက်ဆုတ်နေခဲ့သည်။ မြို့ပြ နိုင်ငံအတွင်းရှိ တယ်လီပို့ခြင်းအရေအတွက်မှာ ကျဆင်းလာခဲ့ပြီး ယခုအခါ ၂ ကြိမ်သာ ကျန်ရှိတော့သည်။
ကျိုးဝမ်သည် ရွေးချယ်စရာမရှိတော့သဖြင့် တယ်လီပို့ခြင်းကို ထပ်မံအသုံးပြုလိုက်သောအခါ မြို့ပြနိုင်ငံအတွင်းရှိ စွမ်းအားများ ပေါက်ကွဲသွားသည်ကို ရုတ်တရက် ခံစားခဲ့ရသည်။ ထိုအချိန်တွင် မြို့ပြနိုင်ငံမှာ အဆင့်တက်သွားခဲ့ပါပြီ..။
တစ္ဆေမျက်နှာလက်စွပ်တွင် အသစ်ပြောင်းလဲမှုတစ်ခု ဖြစ်သွား သောကြောင့် ကျိုးဝမ် အလွန်ဝမ်းသာသွားခဲ့သည်။ ရုပ်ဆိုးသော တစ္ဆေသရဲမျက်နှာတစ်ဝက် နှင့် ချောမောသော နတ်မျက်နှာတစ် ဝက်တို့သည် ထူးဆန်းသောပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့၏။ ရုပ်ဆိုး သော သရဲတစ္ဆေမျက်နှာသည် အလွန်အမင်းချောမောခန့်ညားလာ ပြီး ချောမောသောမျက်နှာတစ်ဝက်မှာ ပုံမှန်မဟုတ်အောင် ရုပ်ဆိုး လာခဲ့သည်။ သူ့မျက်လုံးများမှ ဂီယာများမှာလည်း ဆန့်ကျင်ဘက် သို့ လှည့်ပတ်သွားခဲ့သည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...