571 - 575

198 24 0
                                    

အခန်း(၅၇၁) အန်ရှန့်၏ ရောက်ရှိလာခြင်း

အဆိပ်လင်းနို့အုပ်စုများ ပျံသန်းလာကြသည်။ မီးရှူးနဂါး၏ တောက်ပ‌သောမီးရှူးမြင်ကွင်းကမ္ဘာနှင့်အတူ အဆိပ်လင်းနို့အများ အပြားနှင့် အဆိပ်၏အဖြူရောင်အရပ်တို့မှာ မြင်ကွင်းကမ္ဘာအတွင်း သို့ ရောင်ပြန်ဟပ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ် သွားခဲ့သည်။

လိုဏ်ဂူအတွင်းရှိ အဆိပ်လင်းနို့အများအပြားသည် သဲလွန်စ မရှိဘဲ ပျောက်ကွယ်သွားခဲ့၏။

       [ မျှော်လင့်ထားသလိုပါပဲလား… ]

      ကျိုးဝမ်၏ အမူအရာသိပ်ကောင်းပုံမရတော့ပါ။ မြင်ကွင်းကမ္ဘာ သည် အဆိပ်လင်းနို့ အနည်းဆုံး အကောင်နှစ်ရာနီးပါးခန့်အား စုပ် ယူသွားခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့ကို မမြင်ရတော့သလို သေ ဆုံးကြောင်းဖော်ပြနိုင်သော အလောင်းများလည်း ရှိမနေကြပါ။ အဓိ ကအချက်မှာ အဆိပ်လင်းနို့များ အသတ်ခံရကြောင်း ဂိမ်းတွင် အသိ ပေးချက်များ အဆက်မပြတ်ညွှတ်ပြနေသော်လည်း မည်သည့်အရာ မှ ကျဆင်းလာခြင်း မရှိပါ။

ဤအချက်မှာ အလွန်ဒုက္ခပေး‌သော ပြဿနာတစ်ခု ဖြစ်နေ၏။ တောက်ပသောမီးရှူးမြင်ကွင်းကမ္ဘာအတွင်းသို့ စုပ်ယူခြင်းခံရသော မျိုးနွယ်ခြားသတ္တဝါများသည် ဘာမှကျလာလိမ့်မည်မဟုတ်သလို သူတို့ တစ်စုံတစ်ခုကျလာခဲ့လျှင်လည်း မြင်ကွင်းကမ္ဘာအတွင်း၌ ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။

       [ တကယ်လို့ ဘာမှကျမလာခဲ့ရင်လည်း ထားလိုက်ပါ့တော့..]

       ကျိုးဝမ် သည် အလွန်အမင်း သဘောထားကွဲလွဲခြင်းကို ခံစား မနေတော့ပါ။ ယခုအကြိမ်တွင် သူသည် မီးရှူးနဂါးအား ချောင်းချီ နန်းတော်သို့ ခေါ်သွားခဲ့သည်။

   ချောင်းချီမှာ အလွန်အမင်းစွမ်းအားကြီးပြီး ကျိုးဝမ် သည် ပြိုင်ဘက်မဟုတ်သလို တောင်ပံခြောက်ခု၊ ရွှေရောင်တိုက်ပွဲဝင်နတ် ဘုရားဟဲလ်ဘတ် နှင့် မိစ္ဆာချပ်ဝတ်ကျားဝိညာဉ်စစ်သူကြီးတို့သည် မထိန်းချုပ်နိုင်ကြပါ။ သို့သော်လည်း ချောင်းချီသည် မီးရှူးနဂါးငယ် အတွက် ပြိုင်ဘက်မဟုတ်ခဲ့ပါ။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now