916 - 920

227 20 0
                                    

အခန်း(၉၁၆) ယင်အဆောင်ဘုရင်နှင့် ထပ်မံတိုက်ခိုက်ခြင်း

        “ ဒဏ္ဍာရီလာအဆင့်ဆေဘာနည်းစနစ်တစ်ရပ်ကို ကျွမ်းကျင် သွားတဲ့အတွက် ဂုဏ်ယူပါတယ်… အရမ်းသန်မာလွန်းတယ်..”

    ကျိုးဝမ်က သူ့ရင်ဘတ်ပေါ်က ကွဲအက်နေသော နဂါးကြေးခွံ ချပ်ဝတ်ကို ကြည့်ရင်း ရိုးရိုးသားသားပြောလိုက်သည်။

ဖုန့်ချိုးယန်က သူ့ဆေဘာကို သိမ်းလိုက်သော်လည်း ခေါင်းခါ ၍ ပြောလိုက်သည်။

        “ ဒါက ဒဏ္ဍာရီလာအဆင့်ဆေဘာဓားနည်းစနစ်တစ်ခုဖြစ်ပေ မယ့်လည်း ကျွန်တော်က နည်းပြကို ရှုံးနေသေးတယ် .. နည်းပြရဲ့ ဓားကို အချိန်မီ ပြန်မရုပ်သိမ်းရင် ကျွန်တော် ခေါင်းပြတ်သွားလိမ့် မယ်…”

ကျိုးဝမ်သည် သူ့လက်ထဲရှိ ဝါးဓားကို ဓားအိမ်တွင် စွပ်ထားပြီး ဖြစ်နေပါပြီ။ သူက ပြုံးရင်း ပြောလိုက်သည်။

        “ ဒါက သရေပါ… ငါက ဒဏ္ဍာရီလာအဆင့်ချပ်ဝတ်ကို ဝတ် ဆင်ထားတာကြောင့် မင်းက ငါ့ကို မထိခိုက်စေနိုင်ဘူးဆိုတာ သိနေ တယ်လေ… ဒါကြောင့် ငါ့ဆေဘာဓားကို ပြန်ရုတ်သိမ်းဖို့ စဉ်းစားနိုင် တာပေါ့… မဟုတ်ရင် နှစ်ဖက်စလုံး ထိခိုက်ခံစားရလိမ့်မယ်…”

ဖုန့်ချိုးယန်က ခေါင်းခါနေဆဲဖြစ်ပြီး ဆက်ပြောလာခဲ့သည်။

        “ ဒီလိုအခြေအနေမျိုးမှာ ထုတ်လွှတ်ခြင်းနဲ့ ရပ်တန့်ခြင်းကို လွတ်လွတ်လပ်လပ်လုပ်နိုင်တယ်… နည်းပြက ငါ့ထက်အများကြီး ပိုသန်မာပါတယ်…ကျွန်တော် ဆက်ပြီး ကြိုးစားဖို့လိုနေသေးတယ်”

ကျိုးဝမ် ရှက်ရွံ့ခြင်းကြောင့် နေရခက်သွားခဲ့သည်။ ဖုန့်ချိုးယန် ၏ ဓားချက်သည် အထွဋ်အထိပ်ပျံသန်းနေသောအင်မော်တယ်ကို ယှဉ်နိုင်ရန် အရည်အချင်းပြည့်မှီနေပြီး ဖြစ်သည်။ သို့သော်လည်း အထွဋ်အထိပ်ပျံသန်းနေသောအင်မော်တယ်အပြင် ကျိုးဝမ်ထံတွင် အင်မော်တယ်သတ်ဖြတ်ခြင်းလည်း ရှိနေခဲ့သည်။ ၎င်းသည် မြင့်မား သော တိုက်ပွဲများကို ကျင့်သားရစေပြီး ထိုသို့သောအခြေအနေများ တွင် ပိုမိုတုံ့ပြန်ရန် ခွန်အားရှိနေသေးသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now