196 - 200

306 28 0
                                    

အခန်း(၁၉၆) လူကြီးလူကောင်းဓားလေးလက်

        အန်ရှန့် နှင့် လီရွှမ် သည်လည်း သတိထားမိသည်မှာ သိသာ လှသည်။ သူတို့သည် ကျောက်တုံးနံရံတွင် ကပ်နေပြီး အနည်းငယ် ပင် မလှုပ်ရှားရဲဘဲ ဖြစ်နေသည်။

ဧရာမငှက်ကြီးသည် တောင်ပံများကို ဖြန့်ကျက်လိုက်ပြီး သူတို့ အပေါ် ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်သည်။ မကောင်းသည့် အတိတ်နိမိတ်တစ်ခု သူတို့စိတ်ထဲတွင် ထိုးတက်လာသည်။ ဟာရီ  ကိန်းမုန်တိုင်းတစ်ခုသည် သူတို့အား ပင့်မြှောက်သွားသလို ခံစား ရပြီး ခန္ဓာကိုယ်များကို ကျောက်နံရံမှ လှည်းချသွားလိုက်သည်။

        ဘန်း!.... ဘန်း!.... ဘန်း!....

သုံးယောက်သားသည် ကျောက်တုံးစင်မြင့်ပေါ်သို့ ပက်လက် လန်ကျသွားပြီးကြယ်များကိုမြင်လိုက်ရသည်။ သူတို့သည် မတ်တပ်  ရပ်နိုင်ဖို့ပင် အချိန်အနည်းငယ် ယူလိုက်ရသည်။

သုံးယောက်သား သစ်ပင်ကြီး၏ အခေါင်းပေါက်ကို ပြန်လှည့် ကြည့်လိုက်သည့်အချိန်တွင် ဧရာမငှက်ကြီး၏ အရိပ်အယောင်ကို ပင် မတွေ့ဘဲ ဖြစ်နေသည်။ နေရာအနှံ့ကို ရှာကြည့်လိုက်သော် လည်း မည်သည့်သဲလွန်စမျှ မတွေ့ရှိဘဲ ဖြစ်နေသည်။ ၎င်းသည် အသိုက်အတွင်းသို့ ပြန်ဝင်သွားသည်ဟု တွေးထင်ရသည်။

"ဒီပုံစံအတိုင်းဆိုရင် ဒီကောင်ကြီးက ငါတို့ရှိနေတာကို အစော ကြီးကတည်းက သိနေပြီးသားပဲ၊ ဒါကြီးက ငါတို့ကို မသတ်ချင်ဘူး ဆိုမှတော့ ဘာကြောင့် ငါတို့ကို မလွှတ်ပေးနိုင်ရတာလဲ?

ဖြစ်နိုင်တာက ငါတို့ကို အရန်ရိက္ခာအဖြစ် သတ်မှတ်ထားပြီး နှစ်သစ်ကူးအတွက် သိမ်းထားဖို့ အစီအစဉ်ရှိနေတာများလား?"

   လီရွှမ်သည်  ယခုလို အခြေအနေမှာပင် ဟာသလုပ်နိုင်နေ သေးသည်။

"နှစ်သစ်ကူးအတွက် ငါတို့ကို သိမ်းထားမလားတော့ ငါမသိဘူး ဒါပေမယ့် သူက ငါတို့ကို ဒီနေရာမှာ တမင်တကာကို လွှတ်ပေး ထားတာပဲ"

        ကျိုးဝမ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

        "သူက ငါတို့ကို မသတ်ချင်ဘူးဆိုမှတော့ အခွင့်အရေး ရှိနေ သေးတယ်၊ တခြားနည်းလမ်းတွေကို စဉ်းစားကြည့်တာပေါ့"

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now