846 - 850

217 23 0
                                    

အခန်း(၈၄၆) ကြောက်ရွံ့ခြင်းအဆင့်ငယ် အသွင်ပြောင်းလဲခြင်း

    နတ်ဘုရား ပါ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များ လောင်ကျွမ်း ကာ အာဏာရှင်ဘီလူးကြီး၏ ကြီးမားသောခန္ဓာကိုယ်ကြီးအား မီးဘောလုံးတစ်လုံးအဖြစ် ချက်ချင်း ပြောင်းလဲစေခဲ့သည်။ ကြောက် မက်ဖွယ်ရာ မီးတောက်များက ၎င်း၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ လောင်ကျွမ်းစေခဲ့သည်။ အာဏာရှင်ဘီလူးကြီးသည် ၎င်း၏ ရုပ်ပိုင်း ဆိုင်ရာခွန်အားဖြင့်ပင် မီးတောက်များကို ခံနိုင်ရည် မရှိခဲ့ပါ..။

ချိုင့်ဝှမ်းတစ်ခုလုံး မီးပင်လယ်တစ်ခုအတွင်းသို့ ထိုးကျသွားခဲ့ သည်။ ငှက်ပျောသီးနတ်သူငယ်မလေးသည် မဟာယင်လေပြင်းကို မှုတ်ထုတ်လိုက်သောကြောင့် သွေးနီရောင်ကိုယ်ပွားကို မီးလျှံများ မလောင်ကျွမ်းအောင် တားဆီးနိုင်ခဲ့သည်။

သို့သော်လည်း သုံးလောက၏ အကောင်းဆုံးလေ၏ တိုးမြှင့် ပေးခြင်းမပါရှိဘဲ မဟာယင်လေပြင်းသည် မီးတောက်များကို မယှဉ် နိုင်သည်မှာ ထင်ရှားနေသည်။ လေပြင်းများကို မီးတောက်များက လျင်မြန်စွာ ဝါးမြိုသွားခဲ့သည်။

အာဏာရှင်ဘီလူးကြီး မီးလောင်ကျွမ်း သေဆုံးတော့မည်ကို မြင်လိုက်ရသဖြင့် ကျိုးဝမ် သည် မီးရှူးနဂါးငယ်ကို ဆင့်ခေါ်ကာ တောက်ပသောမီးရှူးမြင်ကွင်းကမ္ဘာအား နတ်ဘုရားမ "ပါ" အပေါ် တွင် အသုံးပြုစေခဲ့သည်။ သို့သော်လည်း မီးရှူးနဂါးငယ်၏ မျက်လုံး များအတွင်းတွင် မီးပင်လယ်တစ်ခုသာ ရှိနေခဲ့ပြီး နတ်ဘုရားမ "ပါ" ၏ အရိပ်အယောင် ရှိမနေခဲ့ပါ။ နတ်ဘုရားမ " ပါ" သည် မြင်ကွင်း ကမ္ဘာအတွင်းသို့ စုပ်ယူခြင်းမခံရဘဲ ထိုနေရာတွင်ပင် ရပ်နေခဲ့သည်။

        [ ကျွတ်… ဒါဘာကြီးလဲ.. တောင်ပသောမီးရှူးမြင်ကွင်းကမ္ဘာ ကတောင် အသုံးမဝင်တော့ဘူးလား.. ကြောက်မက်ဖွယ်ပုံစံကြောင့် ဖြစ်နိုင်လား… ]

        ကျိုးဝမ် အထိတ်တလန့် ဖြစ်သွားခဲ့သည်။ သူ အတွေးများနေ ခြင်းကို စောင့်ဆိုင်းခြင်းမရှိဘဲ  မီးပင်လယ်က သွေးနီရောင်ကိုယ်ပွား ကို ဝါးမျိုသွားပြီး ဂိမ်းမျက်နှာပြင်မှာ မည်းမှောင်သွား‌တော့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now