341 - 345

261 25 0
                                    

အခန်း(၃၄၁) အသက်ဝိညာဉ်တစ်ခု သိပ်သည်းစေခြင်း

ကလေးမလေးသည် အတော်လေး နာခံမှုရှိပြီး ရောက်ရှိလာ ကာ ကျိုးဝမ်၏ လည်ပင်းကို ဖက်ထားလိုက်သည်။ သူမမျက်နှာတွင် မျက်ရည်များ ရှိနေသေးသော်လည်း မငိုတော့ပါ။

    ရုတ်တရက် သူ့လက်မောင်းကြားမှ ကလေးမလေး၏ ဟက် တက်ခွဲခြင်းကို ခံလိုက်ရသောကြောင့် ကျိုးဝမ်သည် သူ့နှလုံးမှာ လက်ဖြင့်စမ်းသပ်စစ်ဆေးခံလိုက်ရသလို ခံစားလိုက်ရ၏။ တစ်ချိန် တည်းမှာပင် သူသည် ကလေးမအား ကျန်လက်တစ်ဖက်ဖြင့် အဝေး သို့တွန်းထုတ်လိုက်သည်။ ကလေးမလေးသည် ချက်ချင်းခုန်ဆုတ် သွားခဲ့ပြီး ၁၀မီတာကျော် ရောက်ရှိသွား၏။ သူမ၏ ပါးစပ်ထောင့် တွင် သွေးများကျန်နေပြီး လျှာကိုထုတ်ကာ လျက်လိုက်၏။ သူမ မျက်နှာတွင် လောဘကြီးသောအကြည့်ဖြင့် ပြည့်နှက်နေခဲ့သည်။

       ကျိုးဝမ် သည် သူ့လည်ပင်းကို ထိကြည့်လိုက်သောအခါ သူ့ လက်သည် ချက်ချင်းပင် သွေးများဖြင့် စိုရွှဲနေသည်။ သူ့လည်ပင်းမှာ သွားတန်းနှစ်တန်း အမှတ်အသားကျန်နေခဲ့သည်။ အကယ်၍ သူ သာ အနည်းငယ်နှေးကွေးသွားပါက သူ့လည်ပင်းမှာ ကိုက်ဖြတ်ခံ လိုက်ရပြီ ဖြစ်သည်။

       "မင်းက လူသားလား…မျိုးနွယ်ခြားသတ္တဝါတစ်ကောင်လား?"

       ကျိုးဝမ်  ဝါးဓားကို ကိုင်ထားခဲ့ပြီး ကလေးမလေးကို တည်ငြိမ် စွာ အကဲခတ် နေခဲ့သည်။ ယခုအချိန်ရောက်သည်အထိ သူသည် ကလေးမလေးမှာ မျိုးနွယ်ခြားသတ္တဝါတစ်ကောင်၏ အရှိန်အဝါရှိ နေသည်ကို နားမလည်နိုင်ဘဲ ဖြစ်နေသည်။ သူမကို ဘယ်လိုပဲ သူ ကြည့်လိုက်ပါစေ နှစ်နှစ် (သို့မဟုတ်) သုံးနှစ် လူသား ကလေးမလေး နှင့် တူနေသည်။

သို့သော်လည်း သူမ အပြုအမူများနှင့် စွမ်းရည်များမှ သာမန် လူသားကလေးမလေးမဟုတ်သည်ကို သက်သေပြနေခဲ့သည်။

ကလေးမလေးသည် သူ့အား ဂရုစိုက်ခြင်းမရှိပါ။ သူမပုံရိပ် သည် လျှပ်ပြက်သလိုဖြစ်သွားပြီး ကျိုးဝမ်ကို ထိုးလိုက်စဉ် အလွန် မြန်ဆန်သောကြောင့် သူမလှုပ်ရှားမှုတွင် ဝေဝါးသောပုံရိပ်များကို သာ ချန်ထားရစ်ခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now