41 - 45

416 27 0
                                    

အခန်း(၄၁) တွဲဘက်သားရဲပေါင်းစပ်ခြင်း

အတော်ခက်ခဲသည့်အတွေ့အကြုံများ ကြုံတွေ့ပြီးနောက် ကျိုးဝမ် နောက်ဆုံးအိမ်သို့ ပြန်လာကာ အေးဆေးစွား ဂိမ်းဆော့နိုင်တော့ မည်ဟု ထင်လိုက်သည်။ သို့သော် သူဆိုဖာထိုင်ခုံမှာထိုင်ပြီး ဂိမ်း နယ်မြေကို ဝင်နေဆဲတွင် လီရွှမ် အိမ်ထဲကို အပြေးဝင်လာသည်။

“မင်းအိမ်တံခါးမကြီးက မင်းအစ်မလို့ပြောတဲ့ အမျိုးသမီး တစ်ယောက်ကန်ဖွင့်လိုက်တာ၊ သူ့နာမည် လီဝေ့ယန်လို့ ခေါ်တယ်” ကျိုးဝမ်သည် အလျင်အမြန်ပင် ကိစ္စများကို ရှင်းလင်းလိုက်သည်။
လီရွှမ်က သူ့အိမ်ကို ပျက်စီးအောင်လုပ်သည့်အတွက် သူ့ကို အပြစ် တင်မည် စိုးသောကြောင့်ဖြစ်သည်။

သို့သော်လည်း လီရွှမ်သည် ထိုအရာအားလုံးကို အာရုံမရှိချေ။ ပျော်ရွှင်နေပုံရသော်လည်း လီရွှမ်သည် ပဟေဠိဆန်သော အမူအရာ ဖြင့် “ကျိုးဝမ် ငါအရင်က ပြောဖူးတဲ့ ချိတ်ဆက်မှုနယ်မြေကို အလည်သွားဖို့ မင်းစိတ်ဝင်စားလား?”

“မင်းပြောဖူးတဲ့ ကိုယ်ခန္ဓာအမျိုးအစားတွဲဘက်သားရဲတွေ မွေးထုတ်ပေးတယ်ဆိုတဲ့ ချိတ်ဆက်မှုနယ်မြေကိုလား?”

“ဟုတ်လိုက်လေ၊ မင်းစိတ်ဝင်စားလား?”

“ဒါပေမယ့် ငါတို့က ကျောင်းဝင်ခွင့်မရသေးဘူးလေ၊  ငါတို့ အခု ဝင်နိုင်လို့လား?” ကျိုးဝမ် သင်္ကာမကင်းဟန်ဖြင့် လီရွှမ်ကို ကြည့်လိုက်သည်။

“တော်ရုံတန်ရုံ သာမန်လူဆို ဘယ်ဝင်လို့ရမှာလဲ ဒါပေမယ့် ငါက သာမန်လူမဟုတ်ဘူးလေ” လီရွှမ်သည် သူ့ရင်ဘတ်ကို ဖြည်းဖြည်းချင်းပုတ်ပြရင်း ပြောလိုက်သည်။

“ကောင်းပြီလေ သွားကြတာပေါ့” ကျိုးဝမ်လည်း တော်တော် စိတ်ဝင်စားသည်။ သို့သော် သူသည် ချိတ်ဆက်မှုနယ်မြေအတွင်း ဝင်ချင်လို့မဟုတ်ဘဲ ထိုချိတ်ဆက်မှုနယ်မြေကို ရှေးဟောင်းအင်ပါ ယာမြို့တော်ကဲ့သို့ ဂိမ်းအတွင်း သူ၏ဖုန်းတွင်ကူးယူလို့ရမရကို သိချင်လို့ ဖြစ်သည်။

“ညီကို မင်းငါ့ကို ဝမ်းသာတဲ့ပုံလေးပြပါဉီး? ငါ မင်းမျက်နှာကို ကြည့်ရတာ အောင်မြင်မှု အငွေ့အသက်လေးတာင် တကယ်ကို မခံစားရဘူး” လီရွှမ် မျက်နှာမည်းမှောင်စွာဖြင့် ပြောလိုက်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now