501 - 505

230 18 0
                                    

အခန်း(၅၀၁) ပီယာနီ ပန်းဥယျာဉ်

ကြီးမားသော ဂီတဘုရားကျောင်အတွင်း ဂိမ်းနယ်မြေကို ပြန် လည်စတင်တိုင်း နေသားရဲတစ်ကောင်သာ ရှိနေသည်။ ထိုအချက် က ကျိုးဝမ်အတွက် နေသားရဲ တွဲဖက်သားရဲဥတစ်လုံး ရရှိစေရန် ပိုမိုခက်ခဲစေသည်။ သူ့သွေးကို စတေးပြီး နေသားရဲတွဲဖက်သားရဲဥ တစ်လုံးရရန် ဆက်ဆော့ရုံမှလွဲပြီး ရွေးစရာ မရှိတော့ပါ…။

ကံကောင်းစွာပင် နေသားရဲမှလွဲပြီး ကျိုးဝမ် သည် ရှားပါးသော မျိုးနွယ်ခြားသတ္တဝါများ ဖြစ်သော ကျားပေါက်လေး၊ ခန့်ညားလှ သောအင်ပါယာ၏ ကိုယ်ပွားအရုပ်၊ ရူနစ်ဟဲဗီးချပ်ဝတ်စစ်သည်၊ မျက်လုံးသုံးလုံးရွှေရောင်စစ်သည်၊ မျိုးကွဲမြွေဘုရင် နှင့် အစရှိသည် တို့ကိုမွေးမြူထားနိုင်ခဲ့သည်။

   အချို့သော တွဲဖက်သားရဲများသည် အဆင့်မြင့်မားခြင်း မရှိ သော်လည်း ၎င်းတို့၏ သိုင်းကျွမ်းကျင်မှုများနှင့် ဘဝစောင့်ရှောက် သူနတ်ဘုရားများမှာ အလွန်အသုံးဝင်သည်။ အကယ်၍ သူသည် အနည်းငယ်ပိုပြီး မွေးမြူနိုင်ခဲ့လျှင် နောင်တွင် ၎င်းတို့ကို ပေါင်းစပ် သောအခါ အသုံးပြုနိုင်မည် ဖြစ်သည်။

တွဲဖက်သားရဲများအတွက် ဂိမ်းဆော့ရန်အတွက် ကျိုးဝမ် သည် နေရာကောင်းတစ်ခုကို ရှာတွေ့ထားခဲ့သည်။

        ကျိုးဝမ် ရှာတွေ့မိသောနေရာမှာ နေဝင်ချိန်ကောလိပ်တွင် မဟုတ်ဘဲ လော့ယန်မြို့ရှိ ချိတ်ဆက်မှုနယ်မြေတစ်ခု ဖြစ်သည်။ သိပ်နာမည်ကြီးခြင်းမရှိသလို သာမန်လူများသည်ပင် ထိုနေရာသို့ အေးဆေးသွားနိုင်ခြင်းမှာ မျိုးနွယ်ခြားသတ္တဝါအများအပြား မရှိခြင်း ကြောင့် ဖြစ်သည်။ ထို့အပြင် ကျဆင်းနှုန်းမှာလည်း အရမ်းနိမ့်ကျ သောကြောင့် ငြီးငွေ့ဖွယ်ကောင်းသော နေရာတစ်ခုဖြစ်စေသည်။

   လူအများစု မသွားချင်သောနေရာဖြစ်သော်လည်း ကျိုးဝမ် က နေရာကောင်းတစ်ခုဟု ခံစားမိသည်။ သူသည် သွားလည်ရန် အထူး စီစဉ်ထားသောနေရာမှာ ပီယာနီပန်းဥယျာဉ် ဖြစ်သည်။

ဒဏ္ဍာရီတစ်ခု ရှိခဲ့သည်…။

အရှေ့ပိုင်းနယ်မြေ၏ ပထမဆုံး ဧကရီဘုရင်မကြီးသည် ချန်အန်းတွင် အရက်မူးပြီး ပျော်ရွှင်သွားပြီးနောက် ပန်းပွင့်တစ်ရာ ပွင့်ရန် အမိန့်ပေးခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now