အခန်း(၃၅၆) နတ်မိစ္ဆာအား လေးနက်စွာဆင်ခြင်ကြည့်ရှုခြင်း
နတ်မိစ္ဆာဘဝစောင့်ရှောက်သူနတ်ဘုရားသည် ကျိုးဝမ် ကို ငှက်တစ်ကောင်ထက်ပိုလွတ်လပ်သော ကောင်းကင်၏ အရှင်သခင် ဖြစ်စေခဲ့သည်။ ပိုမိုလေးနက်သော နားလည်ခြင်းတစ်မျိုးကို ရရှိပြီး နောက် ယခုလိုမျိုးအခြေအနေအောက်တွင် မည်သူမျှ စိတ်ကူး မယဉ်နိုင်သောအရာများကို သူလုပ်နိုင်မည်ကို နားလည်လာခဲ့၏။
ဖုန့်ချိုးယန် သည် အစပိုင်းတွင် သူ့ကိုယ်သူထိန်းချုပ်ထားခဲ့ပြီး ကျိုးဝမ်ကို သူ့ဆေဘာဓားဖြင့် ထိခိုက်မည်ကို စိုးရိမ်နေခဲ့မိသည်။ သို့သော်လည်း သူပို၍တိုက်ခိုက်လေ ကျိုးဝမ်၏ လှုပ်ရှားမှုနည်းစနစ် များသည် ထူးခြားပြီး မယုံနိုင်စရာကောင်းသည်ကို သူပိုပြီးသဘော ပေါက်လာလေ ဖြစ်သည်။
သူသည် လေထဲတွင် နိမ့်လိုက်၊ မြင့်လိုက်ဖြင့် မျောပါနိုင်ပြီး တိုက်ခိုက်နိုင်စွမ်း အမှန်တကယ်ရှိသောသူကို ဘယ်တုန်းကမှ မမြင် ဖူးခဲ့ပါ။ သိပ္ပံပညာ၏ ဥပဒေသများသည် ကျိုးဝမ် အပေါ်တွင် လုံးဝ သက်ရောက်မှုမရှိသလို ဖြစ်နေသည်။ ဖုန့်ချိုးယန်၏ လူသားများနှင့် တိုက်ခိုက်ရာမှ ရရှိခဲ့သော ယခင်တိုက်ပွဲအတွေ့အကြုံများအားလုံး သည် လုံးဝကွဲကြေပျက်ဆီးသွားလေပြီ….
ယခင်က သူဘယ်တုန်းကမှ မတွေးမိဖူးသော လှုပ်ရှားမှုနည်း စနည်းအမျိုးမျိုးကို ကျိုးဝမ် မှ ပြသနေခဲ့သည်။ ထိုနည်းစနစ်များ သည် လူသားတို့၏ စိတ်ကူးကို ကျော်လွန်သွားလေပြီ
[ နည်းပြက မျှော်လင့်ထားသလိုပါပဲလား! ]
တိုက်ပွဲသည် ဖုန့်ချိုးယန်အား စိတ်လှုပ်ရှားစေသည်။ သူ့နှလုံး သားကျေနပ်စေသည်အထိ ဆေဘာဓားကိုဝှေ့ယမ်းပြီး ကျိုးဝမ်ကို တိုက်ခိုက်နေခဲ့သည်။ သို့မှသာ သူသည် ကျိုးဝမ်၏ ထူးဆန်းသော လှုပ်ရှားမှုနည်းစနစ်များကို ပိုမြင်နိုင်မည် ဖြစ်သည်။
ကျိုးဝမ်၏ လှုပ်ရှားမှုနည်းစနစ်များသည် အချိန်ကြာလာသည် နှင့်အမျှ ပိုမိုထူးဆန်းလာစေ၏။ ဖုန့်ချိုးယန်၏ ဆေဘာနည်းစနစ် အတွက်မူ မတည်မြဲမှုကို တန်ပြန်နိုင်ရန် တည်မြဲခိုင်ခံ့ခြင်းကို အသုံး ပြုခြင်းဖြင့် ဆေဘာဓားချက်များသည် တည်ငြိမ်လာခဲ့သည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...