အခန်း(၈၇၆) ဆေးမီးဖိုအတွင်းမှ ရတနာ
လျှိုယွင် သည် ကျင့်တာရှန်းက ကျောက်သားဓားနှင့် အကြီး အကဲအဖိုးကြီးကို ကိုင်တွယ်နိုင်ရန် အတတ်နိုင်ဆုံ အစွမ်းကုန်လုပ် ဆောင်နေကြောင်း မြင်လိုက်ရသည်။ သူသည် သူတို့နှစ်ယောက်ကို အာရုံစိုက်ရန် အချိန်မရှိပါ..။ တုံ့ဆိုင်းခြင်းမရှိတော့ဘဲ သူ့လက် ချောင်းထိပ်များတွင် လျှို့ဝှက်ဆန်းကြယ်သောကြယ်အလင်းရောင် တစ်ခု ထွန်းတောက်လာခဲ့သည်။ ၎င်းတို့ကို သူ ညွှန်ပြလိုက်သည်နှင့် အလင်ရောင်သည် တွင်းနက်တစ်ခုကို ဖြတ်သန်းပြီး ပျောက်ကွယ် သွားခဲ့သလိုပင်…။
“ အား…”
လျှိုယွင်၏ ငယ်သံပါအောင် အော်ငိုကြွေးသံဖြင့် သူ့လက်ကို ပြန်ရုတ်လိုက်သည်။ သူ့လက်ချောင်းထိပ်များတွင် အဖြူရောင် မီးတောက်များ တောက်လောင်နေခဲ့၏။ သူ့လက်ချောင်းထိပ်များရှိ အသားများ မီးလောင်ပြီး ဖြူဖွေးသောအရိုးများ ပေါ်လာခဲ့သည်။
ထို့အပြင် မီးသည် လျင်မြန်စွာပျံ့နှံ့နေဆဲ ဖြစ်သည်။ ချက်ခြင်း ဆိုသလို မီးတောက်များသည် လျှိုယွင်၏ လက်ဝါးဆီသို့ ရောက်ရှိ လာတော့မည် ဖြစ်သည်။
လျှိုယွင်သည် ပြတ်သားသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော ကြောင့် ချက်ချင်းပင် သူ့လက်ချောင်းထိပ်များအား အခြားလက် တစ်ဖက်ဖြင့် ဖြတ်တောက်ပစ်ခဲ့သည်။
လက်ငါးချောင်း မြေပြင်ပေါ်သို့ ကျရောက်သောအခါ ချက်ချင်း ပင် မီးလောင်ကျွမ်းပြီး ပြာမှုန့်ဖြစ်သွားခဲ့သည်။ အကယ်၍ သူသည် နှေးကွေးနေခဲ့လျှင် သူ့လက်မောင်းများကိုပင် ထိန်းထားနိုင်မည် မဟုတ်ပေ..။
ကျင့်တာရှန်းက တခစ်ခစ်ရယ်မောလိုက်ပြီး ပြောလာခဲ့၏။
“ ထိပ်တန်း ဒဏ္ဍာရီလာအဆင့်မီးဒြပ်စင်သားရဲ သတ္တဝါတွေ တောင် မီးဖိုထဲကမီးတောက်တွေကို မထိရဲကြဘူး… မင်း တကယ်ပဲ အတွင်းထဲကအရာကို ဖမ်းဆုပ်ဝံ့တာလား..မင်း တော်တော်သတ္တိ ရှိနေတာပဲ…”
လျှိုယွင်၏ ညာလက်ရှိ လက်ငါးချောင်းလုံး ဖြတ်တောက်ထား ခဲ့သည်။ ကျင့်တာရှန်း၏ သရော်လှောင်ပြောင်မှုကို ကြားလိုက်သော အခါ ထိုလူသည် သူတို့၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြောင်း သဘောပေါက်သွားခဲ့သည်။ သူက သူတို့ကို မတားသည့်အကြောင်း အရင်းမှာ ဆေးမီးဖိုအတွင်းမှ ပစ္စည်းကို မထုတ်ယူနိုင်ဘူးဆိုတာ သေချာနေသောကြောင့်ပင်..။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...