အခန်း(၉၅၁) စစ်တုရင်ပညာရှိ လီ
ဤစစ်တုရင်ဝိညာဉ်သည် အဖိုးကြီးကို ပူးကပ်ထားခဲ့သည့် အရာထက် များစွာပို၍ တင့်တယ်ခန့်ငြားနေပုံရသည်။ ထို့အပြင် ၎င်း၏ ခန္ဓာကိုယ်ရှိ ရှေးဦးမူလစွမ်းအင်အတက်အကျသည် ပိုမို အား ကောင်းနေခဲ့သည်။
စစ်တုရင်ဝိညာဉ်က မြစ်ကမ်းနံဘေးတွင်ထိုင်နေခဲ့ပြီး ကျောက် တုံးစစ်တုရင်ခုံနှင့် တရုတ်စစ်တုရင်ရုပ်များက သူ့ရှေ့တွင် ရှိနေခဲ့ သည်။ ကျိုးဝမ်တို့အဖွဲ့ လမ်းလျှောက်လာသည်ကို မြင်သောအခါ စစ်တုရင်ဝိညာဉ်က ဖြည်းညှင်းစွာ ပြောလာခဲ့သည်။
“ တကယ်လို့ မင်းက တရုတ်စစ်တုရင်တောင်ကို တက်ချင် တယ်ဆိုရင် ငါ့ကို အရင်ဆုံး ကျော်ဖြတ်ရမယ်..”
“ ငါတို့က တရုတ်စစ်တုရင်တောင်ကို တက်မှာ မဟုတ်ဘူး… ငါတို့က ဖြတ်သွားရုံလေးပါ…”
လီရွှမ်က အော်ဟစ်ပြောလိုက်သည်။
“ တကယ်လို့ မင်းက တရုတ်စစ်တုရင်တောင်ကို တက်ချင် တယ်ဆိုရင် ငါ့ကို အရင်ဆုံး ကျော်ဖြတ်ရမယ်..”
စစ်တုရင်ဝိညာဉ်က ဤစာကြောင်းကို သူ ပြောနိုင်သည့် တစ်ခု တည်းသောစကားဟု ထင်မှတ်ရသလို စက်တစ်ခုလိုမျိုး ထပ်ခါတ လဲလဲ ပြောလာခဲ့သည်။ အလွန်ဉာဏ်မမီသော စက်ရုပ်နှင့်တူသည်။
“ အဘိုး ချန်… တရုတ်စစ်တုရင်တောင်ဆိုတာ ဘာလဲ..”
ကျိုးဝမ်က ဘေးနားရှိ အဖိုးကြီးကို မေးမြန်းလိုက်သည်။
“ တရုတ်စစ်တုရင်တောင်ကို တစ်ခါမှ မရောက်ဖူးဘူး.. ငယ် ငယ်တုန်းက အနီးအနားက တောင်တွေမှာ တရုတ်စစ်တုရင်တောင် ရှိတယ်လို့ လူကြီးတွေဆီကနေကြားဖူးတယ်… ပုံပြင်တွေအရတော့ တစ်ချိန်ကမြစ်ကမ်းဘေးမှာ အင်မော်တယ်တစ်ပါးဟာ ရှေးခေတ် စစ်သူကြီးတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ်… နောက်ဆုံးမှာတော့ အင်မော်တယ်ဟာ စစ်သူကြီးကို ရှုံးနိမ့်ပြီးတော့ အရှက်ရပြီး ပျံသန်း ထွက်ပြေးသွားခဲ့တယ်.. အင်မော်တယ်ဟာ သူ့စစ်တုရင်ခုံနဲ့ စစ်တု ရင်အရုပ်တွေကိုတောင် လွှင့်ပစ်ခဲ့တယ်… ဒါကြောင့် အဲဒီစစ်တုရင် ခုံ နဲ့ စစ်တုရင်အရုပ်တွေက တရုတ်စစ်တုရင်တောင်ဆိုပြီး ဖြစ်လာ ခဲ့တယ်..”
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
PertualanganGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...