296 - 300

263 30 0
                                    

အခန်း(၂၉၆) အသနားခံ တောင်းပန်ခြင်း

"ဂုဏ်သိက္ခာမာနကြောင့် ကျန်းတောင်ထျန်းက ကျင့်တာရှန်း ကို ထွက်ပြေးအောင် မောင်းထုတ်လိုက်တယ်လို့ပဲ အဖွဲ့ချုပ်က ပြော နိုင်ခဲ့တယ်…တကယ်တော့ ဒါဟာ အမှန်တရားနဲ့ သိပ်မဝေးကွာလှ ပါဘူး..တိုက်ပွဲအတွင်းမှာ ကျင့်တာရှန်းဟာ ဒဏ်ရာအပြင်းအထန် ခံစားလိုက်ရတယ်…

    တကယ်လို့ သူတို့တိုက်ခိုက်ကြရင် ဘယ်သူအနိုင်ရမယ်ဆိုတာ ပြောရခက်တယ်…အဲဒီအချိန်ကစပြီး အဖွဲ့ချုပ်က ကျင့်တာရှန်းကို သတ်ဖြတ်ဖို့အတွက် နည်းလမ်းမျိုးစုံကို ကြိုးပမ်းခဲ့တယ်…သူတို့က စက်ဆုပ်ဖွယ်နည်းလမ်း အမျိုးမျိုးကို အသုံးပြုပြီး ကြိုးစားခဲ့ပေမယ့် လည်း သူ့ကို သတ်ဖို့ ကျရှုံးခဲ့ကြတယ်"

အရက်သခင်က ပြောလိုက်သည်။

  "ဘာကြောင့် ကျင့်တာရှန်း က ဝမ်ရီကြည်ကို အဝေးကို ခေါ်မ သွားခဲ့တာလဲ? သူမကို ဘာလို့ အဲဒီမှာ ထားခဲ့တာလဲ?"

        ကျိုးဝမ် စိတ်ဝင်တစား မေးမြန်းလိုက်သည်။

     "ငါအနေနဲ့ တခြားလူတွေဘယ်လိုရွေးချယ်မယ်ဆိုတာက မသိ ပေမယ့်လည်း ကျင့်တာရှန်းရဲ့ မာနကြောင့် အရင်တုန်းက သူ့ကို မရွေးချယ်ခဲ့တဲ့ သူမကို ဘာတွေပဲဖြစ်ပျက်နေပါစေ အဝေးကို ခေါ် သွားဖို့ သေချာပေါက်လုပ်မှာမဟုတ်ဘူး"

"ဘယ်လောက်တောင်ထူးဆန်းတဲ့ လူလဲ……..နောက်ဆုံးမှာ ကျန်းတောင်ထျန်းက ဝမ်ရီကြည်ကို သတ်ခဲ့တာလား?"

        ကျိုးဝမ် သည် သူအချိန်ဆွဲနေသည်ကိုပင် မေ့နေခဲ့ပြီ ဖြစ်၏။ သူသည် ဇာတ်လမ်း၏ ဆွဲဆောင်မှုကို လုံးဝခံလိုက်ရပြီး မတတ်နိုင် တော့ဘဲ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

"ကျင့်တာရှန်းသာ အသက်ရှင်နေသေးရင် ဘယ်သူက ဝမ်ရီ ကြည်ကို သတ်ရဲမှာလဲ? အဲဒီအချိန်တုန်းက ကျင့်တာရှန်းက ကွန်ဂ ရက်တစ်ခုလုံးကိုတောင် သတ်နိုင်စွမ်းရှိတယ်"

အရက်သခင်သည် ကျိုးဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြော လိုက်သည်

  "ဝမ်ရီကြည် ဘယ်လိုအသက်ရှင်ကျန်ခဲ့တယ်ဆိုတာကို ငါ့ကို မမေးနဲ့..ငါလည်း မပြောတတ်ဘူး…အဖွဲ့ချုပ်မှာ လူအများကြီးရှိ တယ်လေ..ဒါကြောင့် ဝမ်ရီကြည်ရဲ့ အသက်ဝိညာဉ်နှင့် ပတ်သက် တဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုကတော့ အမြဲတမ်း ရှိနေမှာပဲ…ဒါပေမယ့်လည်း အဲဒီအချိန်ကတည်းက ဝမ်ရီကြည်က လူကြားထဲကို ဘယ်တော့မှ ပေါ်မလာခဲ့တော့ဘူး"

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now