အခန်း(၁၅၆) ဗျူဟာလမ်းညွှန်ချက်ကို ရေးတဲ့သူက ဘယ်သူလဲ?
ဆရာမ ဝမ့်ဖေးသည် အခုတလောတွင် တော်တော်လေး စိတ်ချမ်း သာနေသည်။ သူမသည် ကျိုးဝမ်ကို ကံကောင်းခြင်းကြေးနီသားရဲ များ သတ်ရန် တာဝန်ပေးလိုက်ကတည်းက သူမစိတ်အခြေအနေမှာ အလွန်တိုးတက်လာသည်။
"မစ် ဝမ့် ၊ အထဲမှာရှိလား?"
လျှိုကျန့်ယန်၏ အသံနှင့်အတူ သူမ ရုံးခန်းကို အပြင်မှ တံခါး ခေါက်နေသည်။
ဆရာမ ဝမ့်ဖေး သည် တံခါးဖွင့်လိုက်ပြီး လျှိုကျန့်ယန်ကို ဖိတ် ခေါ်လိုက်သည်။ သူမသည် လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ပေးလိုက် ရင်း ပြုံးပြီး မေးလိုက်သည်
"မစ္စတာ လျှို၊ ဘာကိစ္စရှိလို့လဲ?
"ကိစ္စကဒီလိုပါ၊ ဆရာမ ဝမ့်၊ ကျိုးဝမ် နဲ့ လီရွှမ်ကို အိမ်စာ တာဝန်အဖြစ် ကံကောင်းခြင်းကြေးနီသားရဲကို သတ်ဖို့ စီစဉ်ပေး လိုက်တာလား?"
လျှိုကျန့်ယန် ပွင့်လင်းစွာ မေးလိုက်သည်။
"ကျွန်မ အဲဒီကိစ္စအကြောင်းကို သတင်းမပေးထားဘူးမလား? တစ်ခုခု ဖြစ်ပျက်ခဲ့လို့လား?"
ဆရာမ ဝမ့်ဖေးသည် လျှိုကျန့်ယန်ကို ကြည့်ပြီး စိတ်ရှုတ်သွား သည်။
"ဘာမှမဖြစ်ပါဘူး၊ ကျွန်တော်က ဆရာမကို အကြောင်းအရာ တစ်ခုကို မေးချင်ရုံလေးပါ"
လျှိုကျန့်ယန် ပြန်ဖြေလိုက်သည်။
"မစ္စတာ လျှို၊ ဆရာက ကျွန်မ စီနီယာပါ၊ ကျွန်မ ကောလိပ်ကို ရောက်တုန်းက ဆရာကပဲ အများကြီးအကူအညီပေးခဲ့တာလေ၊ ကျွန်မကိုအရမ်းကြီးယဉ်ကျေးနေစရာမလိုပါဘူး၊ တကယ်လို့ ကျွန်မ လုပ်ဖို့လိုအပ်တာရှိရင် ဘာမဆိုပြောလိုက်ပါ"
ဆရာမ ဝမ့်ဖေး ပြောလိုက်သည်။
လျှိုကျင့်ယန် လည်း အားမနာတော့ဘဲ ပြောလိုက်သည်
"ကောင်းပြီ၊ ကျွန်တော်လည်း ဆရာမနဲ့ ပတ်သက်ပြီး ဂုဏ် ဖော်မနေတော့ပါဘူး၊ ကျွန်တော် မျှော်လင့်တာက ဆရာမအနေနဲ့ လီရွှမ် နဲ့ ကျိုးဝမ် တို့ရဲ့ ရလဒ် နဲ့ မှတ်တမ်းကို ယာယီဆိုင်းငံ့ပေးထား လို့ရမလား၊ ဆရာမအနေနဲ့ သူတို့ရလဒ် နဲ့ မှတ်တမ်းတွေကို ကျွန်တော့်အတန်း အိမ်စာတာဝန်ပြီးသွားမှ တင်ပြလို့ရမလား"
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...