အခန်း(၅၀၆) ချပ်ဝတ်ပေါင်းစပ်ခြင်း
ကျိုးဝမ် သည် နေသားရဲ အမြောက်အမြားအား သတ်ဖြတ်ခဲ့ သော်လည်း ယခုမှသာ ပထမဆုံးအကြိမ် ရှင်းရှင်းလင်းမြင်ဖူးခြင်း ဖြစ်သည်။
နေသားရဲ၏ အလင်းတန်းသည် အလွန်ပြင်းထန်သောကြောင့် များသောအားဖြင့် နေအသေးစားလေးလို ဖြစ်နေခဲ့သည်။ သို့သော် လည်း လက်တွေ့တွင်မူ နေသားရဲသည် သေးငယ်သော သလင်းကျောက်နှင့်တူသော သားရဲတစ်ကောင်မျှသာ ဖြစ်သည်။ ၎င်းသည် အရမ်းကြီးမားခြင်းမရှိဘဲ ပြင်းထန်သောအလင်းရောင်တစ်ခု ထုတ် လွှင့်ပေးသည်။
နေသားရဲ : တော်ဝင်သူရဲကောင်း
ဘဝစောင့်ရှောက်သူနတ်ဘုရား
: နေမင်း၏ သားတော်အသက်ဝိညာဉ် : ဆိုလာရောင်ခြည်တန်း
ခွန်အား : ၃၉
လျင်မြန်မှု : ၃၈
ကြံ့ခိုင်မှု : ၃၉
ရှေးဦးမူလစွမ်းအား : ၃၉
ထူးချွန်သိုင်းကျွမ်းကျင်မှု
: နေရောင်ဖြာထွက်ခြင်းတွဲဖက်ပုံစံ : သလင်းကျောက်မှန်
ကျိုးဝမ် သည် နေသားရဲကို ဆင့်ခေါ်ကာ တွဲဖက်ပုံစံအဖြစ် ပြောင်းလဲခဲ့၏။ သူ့လက်ထဲတွင် ပင်ကိုယ်နေရောင်နှင့်တူသော မှန် တစ်ချပ် ပေါ်လာသည်။ မှန်သည် ကျိုးဝမ်၏ အရိပ်ကို ရှင်းရှင်းလင်း လင်း ထင်ဟပ်စေသည်။ မျက်မှောက်ခေတ်ကြည့်မှန်များထက် နိမ့် ကျခြင်းမရှိဘဲ ပိုပြီးပင် ကြည်လင်နေသည်။
သလင်းကျောက်မှန်ကို ကြည့်လိုက်ရင်း ကျိုးဝမ် ပြဿနာ တစ်ရပ်ကို တွေးမိသွား၏။
ယခုမှန်သည် သူ့မျက်နှာကို ပိတ်ဆို့ရန် လုံလောက်သည်ထက် ပိုကြီးနေပြီး သူ့ရင်ဘတ်ထိ အဆင်ပြေသည်။ သို့သော်လည်း သူ့ တစ်ကိုယ်လုံးကို မှန်နောက်ကွယ်မှာ ပုန်းအောင်း၍ မဖြစ်နိုင်ပါ။
အကယ်၍ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပိတ်ဆို့ခြင်းက မီးရှူးနဂါး၏ တောက်ပသောမီးရှူးမြင်ကွင်းကမ္ဘာကို တစ်စုံတစ်ရာ ရင်ဆိုင်နိုင်ခြင်း ရှိ၊ မရှိကို ကျိုးဝမ် မသိနိုင်ပါ…။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...