231 - 235

312 32 0
                                    

အခန်း(၂၃၁) သေခြင်းတရားကို တွန်းလှန်တိုက်ခိုက်ခြင်း

        ကျိုးဝမ် ပခုံးပေါ်တွင် ရပ်နေသော ငှက်ပေါက်စလေးသည် ရုတ်တရက် ရွှေရောင်မီးတောက်များကို အနက်ရောင်ချပ်ဝတ်၊ ဆံပင်ဖြူသရဲတစ္ဆေကောင်၏ လက်ဝါးပေါ်သို့ အန်ထုတ်လိုက်တော့ သည်။

         ရွှေရောင်မီးတောက်များသည် အနက်ရောင်ချပ်ဝတ်၊ ဆံပင် ဖြူသရဲတစ္ဆေကောင်၏ လက်ဝါးကို ထိလိုက်သည့်အခါ ဂတ်စ်ပိုက် လိုင်းကို မီးခတ်လိုက်သလို ဖြစ်သွားသည်။ ချက်ချင်းမီးလောင်သွား ပြီး လက်ဝါးတစ်ခုလုံး မီးလောင်သွားခဲ့သည်။

"တော်လိုက်တဲ့ ငှက်လေး"

        ကျိုးဝမ် သည် ဝမ်းသာအားရဖြစ်သွားပြီး လှည့်ထွက်ကာ ဆက်လက်ထွက်ပြေးသွားခဲ့သည်။

ငှက်ပေါက်စလေးသည် မှော်ဆန်သော်လည်း ၎င်းကို မွေး ဖွားလာသည်မှာ မကြာသေးပါ။ ၎င်း၏ အဆင့်သည် ယခုအချိန်တွင် အရမ်းနိမ့်ကျနေသဖြင့် မီးတောက်များအားကောင်းသော်လည်း အနက်ရောင်ချပ်ဝတ်၊ ဆံပင်ဖြူသရဲတစ္ဆေကောင်ကို သေဆုံးသည် အထိ လောင်ကျွမ်းရန် တတ်နိုင်ခြင်း မရှိပါ။

အမှန်တကယ်တွင်လည်း အနက်ရောင်ချပ်ဝတ်၊ ဆံပင်ဖြူသရဲ တစ္ဆေကောင်သည် သူ့လက်ဝါးမှ မီးလျှံများကို အနက်ရောင်အငွေ့ အသက်များဖြင့် ငြိမ်းသတ်လိုက်သည်။ လောင်ကျွမ်းနေသည့် လက် ဝါးသည်လည်း အနက်ရောင်အငွေ့အသက်များကြားတွင် လျင်မြန် စွာ ပြန်လည်ကောင်းမွန်သွားပြီး ၎င်းမျက်လုံးများတွင် ဒေါသများ ထွက်ပေါ်လာပြီး ဆက်လက်နောက်မှ လိုက်တော့သည်။

"ဘယ်လိုကြောက်စရာကောင်းတဲ့ သူတောင်းစားလဲကွာ!"

ထိုအခိုက်အတန့်တွင် လူအများ၏ အယူသီးခြင်းများကို အမှန်တကယ် မယုံကြည်လို့မရ‌‌‌ဟု ကျိုးဝမ် ရုတ်တရက် ခံစားလိုက် ရသည်။ သူ့တွင် ဝါးဓားကို ရောက်ရှိချိန်မှစပြီး သူ့ကံတရားသည် အမှန်တကယ်ကို သိသိသာသာဆိုးရွားလာခဲ့သည်။

အပြန်ခရီးလေးမှာပင် ချိတ်ဆက်မှုနယ်မြေအသစ်တစ်ခုသည် ဘယ်နေရာကမှန်းမသိ ပေါ်ပေါက်လာခဲ့သည်။ တားမြစ်အချုပ် အနှောင်မှ ချိုးဖောက်ထွက်လာသည့် သတ္တဝါများရှိနေကြပြီး ၎င်းတို့ နှင့် ရင်ဆိုင်မဆိုင်ရသေးသည်ကပင် လုံလောက်အောင် ကံမဆိုးသေးတာ ဖြစ်နိုင်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now