371 - 375

271 21 0
                                    

အခန်း(၃၇၁) ဝိညာဉ်သွန်းလုပ်ခြင်း

        ကျိုးဝမ် သည် မတတ်နိုင်တော့ဘဲ သူ့ဖုန်းကို ပြန်သိမ်းလိုက်ပြီး ခဏတာ စဉ်းစားလိုက်သည်။ ကျုံးကျီယာ ရည်ရွှန်းသောနေရာသို့ တစ်ချက်သွားကြည့်ရန် စီစဉ်လိုက်သည်။

သို့သော်လည်း ကျိုးဝမ်သည် ကျုံးကျီယာ၏ ပိုင်ဆိုင်မှုများမှာ နဂါးရေတွင်း၌ ဝှက်ထားသောကြောင့် ထိုပစ္စည်းများရှိနေသေးသည် ကို မသေချာဘဲ ဖြစ်နေသည်။  ယခင်အချိန်များတွင် အထူးစုံစမ်း စစ်ဆေးရေးဗျူရို၏ ညွှန်ကြားရေးမှူချုပ်သည် ရှာဖွေခြင်းနှင့် စုံစမ်း စစ်ဆေးခြင်းကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့သောကြောင့် အဆို ပါပစ္စည်းများကို တွေ့ရှိပြီးသည်မှာ ဖြစ်နိုင်ချေရှိသည်။

  ကျုံးကျီယာ သည် ဘာမှဆက်ပြောခြင်းမရှိသဖြင့် ကျိုးဝမ်မှာ မေးရန် အချိန်ပင် မရလိုက်ပါ။

နဂါးအိုဥမင်သို့ ပြန်ရောက်လာသောအခါ ကျိုးဝမ် သည် ခံစား ချက်များ ရောထွေးနေခဲ့သည်။ ဝမ့်မင်ယွမ်သည် ခါးစည်းဝတ်ရင်း သူတို့လေးယောက်အတွက် ဟင်းချက်ပေးခဲ့သည်ကို သူမှတ်မိနေ သေးသည်။ သို့သော် ယခုအချိန်အတွင် အမှိုက်ပုံတစ်ခုသာ…

        သူသည် ဓာတ်ခွဲခန်းကို သန့်ရှင်းရေးလုပ်ပြီး မူလပုံသဏ္ဍာန်  အတိုင်းပြုလုပ်လိုသော်လည်း မသက်မသာခံစားနေရသည်။ ကျိုးပဲ့ နေသော စက်အစိတ်အပိုင်းအနည်းငယ်ကို ကောက်ယူလိုက်ပြီး ပြန်ချထားလိုက်သည်။

        [ သူတို့က သွားခဲ့ကြပြီလေ…ဒါဆို ငါဘာအတွက်ဒီနေရာကို သန့်ရှင်းနေရဦးမှာလဲ?" ]

        ကျိုးဝမ် သည် စိတ်ထဲမှ သက်ပြင်းချလိုက်၏။ ပစ္စည်းအပိုင်း အစများကို မူလနေရာ ပြန်ချထားလိုက်ပြီး နဂါးရေတွင်းဆီသို့သာ တိုက်ရိုက် ဦးတည်လိုက်သည်။

နဂါးရေတွင်းဘေးမှ ကျောက်တုံးဖြင့်ပြုလုပ်ထားသော စင်မြင့် သည် ဖြိုချခံထားရပြီး သံကြိုးများလည်း ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေခဲ့ပါပြီ။ ထိုအရာများသည် ကျိုးဝမ်ကို ပိုပြီး စိတ်မသက် သာဖြစ်စေသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now