အခန်း(၄၅၁) ကိုယ်ပျောက် အဝတ်အစားများ
ကျိုးဝမ် သည် လီရွှမ်ကို ရှာတွေ့သောအခါ သူသည် ဥယျာဉ် အတွင်း တစ်ယောက်တည်း ထိုင်နေခဲ့သည်။ သူသည် မိန်းမော မှင်တက်နေလေပြီ….
လီရွှမ် အခြေအနေကောင်းသည်ကို မြင်လိုက်ရသဖြင့် ကျိုးဝမ် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ လမ်းလျှောက်သွားလိုက်ပြီး ပြုံးရင်း မေးလိုက်သည်
"ဘာတွေမှားယွင်းနေလဲ? မင်းတစ်ယောက်တည်း ဒီမှာ ဘာ လုပ်နေတာလဲ?"
လီရွှမ် သည် ခေါင်းကို လှည့်ကာ ကျိုးဝမ် ကို ကြည့်လိုက်ရာ သူ့မျက်လုံးများသည် ယခင်ကနှင့် အနည်းငယ် ကွဲပြားနေခဲ့သည်။
"ကျိုးဝမ်… ငါ တခြားသူတွေထက် သန်မာချင်လာတယ်…. မည်သူထက်မဆို သန်မာချင်တယ် …."
လီရွှမ် က ကျိုးဝမ်ကို ပြောလာခဲ့သည်။ ကျိုးဝမ် သည် လီရွှမ် အလွန်အလေးအနက်ဖြစ်နေသည်ကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပါ။
ကျန်းဟောက် နှင့် ရှုမြန်ထူ တို့၏ သစ္စာဖောက်ခြင်း ခံရသည့် တိုင် လီရွှမ် သည် ပြုံးနေခဲ့ပြီး လီမို့ပိုင် ပြန်ပြီး ပေးဆပ်ရအောင် ပြု လုပ်မည်ဟုသာ ပြောခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင် ကျိုးဝမ် သည် လီရွှမ် မှာ အမှန် တကယ်ကွဲပြားနေသည်ဟု ခံစာရသည်။
"ဘာဖြစ်ခဲ့တာလဲ?"
ကျိုးဝမ် က လီရွှမ်ကို မေးလိုက်သည်။
လီရွှမ် က ကျိုးဝမ်၏ မေးခွန်းကို မဖြေခဲ့ပါ။
"တကယ်လို့ ငါက တစ်နေ့မှာ နတ်ဆိုးတစ်ကောင်ဖြစ်သွား မယ်ဆိုရင် ငါတို့က သူငယ်ချင်း ဖြစ်နိုင်သေးလား?"
"မင်းကို နတ်ဆိုးတစ်ကောင်ဖြစ်ခွင့် မပေးနိုင်ဘူး"
ကျိုးဝမ် လေးနက်စွာ အဖြေပေးလိုက်သည်။
လီရွှမ် ရယ်မောခဲ့သည်။
"မဟုတ်ပါဘူး…ငါက နတ်ဆိုးတစ်ကောင် ဖြစ်လာမှာ မဟုတ် ဘူး…ဒီကမ္ဘာကြီးကို ပြောင်းလဲဖို့ ငါ့ကိုယ်ပိုင်နည်းလမ်းတွေကို အသုံးပြုရလိမ့်မယ်"
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
PertualanganGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...