836 - 840

221 21 0
                                    

အခန်း(၈၃၆) မိစ္ဆာကျောက်တုံး ပြန်လည်မွေးဖွားလာခြင်း

နှစ်ရက်ကြာပြီးနောက် ကျိုးဝမ်သည် အာဏာရှင်ဘီလူးကြီးကို ပြန်လည်ဆင့်ခေါ်ခဲ့သည်။ ကျန်းရှောင်က သူ့ကို လာရှာတော့မည် မဟုတ်ပါ။ တိတ်တဆိတ်နားလည်မှုတစ်ခုဟု ယူဆနိုင်သည်။

အာဏာရှင်ဘီလူးကြီး ပျောက်ကွယ်သွားသောအခါ ကျန်းရှောင် သက်ပြင်းချလိုက်သည်။ တစ်လလောက် မွေးမြူထား ခဲ့လျှင် သူ အမှန်တကယ် ဒေဝါလီခံသွားရလိမ့်မည် ဖြစ်သည်။

    ကျိုးဝမ်က လျှိုယွင်ကို စောင့်နေခဲ့သော်လည်း  သူ မရောက် လာခင် ကျန်းချွန်းချိုးက အပြေးအလွှား သူ့ကိုလာရှာခဲ့သည်။

        " ကျိုးဝမ် …  မိစ္ဆာသင်္ချိုင်းမှာ ပြဿနာတက်နေပြီ.. မင်းရဲ့ အာဏာရှင်ဘီလူးကြီးကို ထပ်ပြီး ငှားပေးနိုင်မလား.."

ကျန်းချွန်းချိုး၏ အမူအရာမှာ လေးနက်နေ၏။ ကိစ္စများက အမှန်တကယ်ပင် ပြင်းထန်နေပုံပေါ်သည်။

        " ဘာဖြစ်တာလဲ…"

ကျိုးဝမ်သည် ကိစ္စများမှာပြင်းထန်နေပုံပေါ်သောကြောင့် ပိုပြီး သိချင်လာခဲ့သည်။ သူသည် အာဏာရှင်ဘီလူးကြီးကို စွန့်စားခြင်း ခွင့်မပြုပေးနိုင်ပါ..။

        " မိစ္ဆာဂူသင်္ချိုင်းအတွင်း ကြီးထွားလာတဲ့ မိစ္ဆာကျောက်တုံးတွေ ကို အာဏာရှင်ဘီလူးကြီးက စားပြီးသွားပြီ… လွန်ခဲ့တဲ့ရက်အနည်း ငယ်က ဘာမှမဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာ မိစ္ဆာကျောက်တုံးတွေက ပြန်လည်ကြီးထွားလာနေပြီ.. နောက်ပြီး ဒီကောင်တွေရဲ့ ကြီးထွား နှုန်းက ယခင်ကထက်ပိုပြီး မြန်ဆန်လာတယ်.. မိစ္ဆာကျောက်တုံး တွေကို ထပ်စားစေဖို့ အာဏာရှင်ဘီလူးကြီးကို ငါထပ်ပြီး ငှားချင် လို့ပါ…"

        " မင်းနဲ့ ငါလိုက်ခဲ့ရင်ရော အဆင်ပြေလား.."

        " ရတာပေါ့… ငါ့နောက် လိုက်ခဲ့ပါ…"

ကျန်းချွန်းချိုးသည် တခြားဘာမှထပ်မပြောတော့ဘဲ လှည့်ပြီး လမ်းလျှောက်သွားခဲ့သည်။

     မြို့လေးမှ ထွက်ခွာပြီးနောက် ကျန်းချွန်းချိုးက အင်မော်တယ် ကြိုးကြာတစ်ကောင်ကို ဆင့်ခေါ်ခဲ့ပြီး ကျိုးဝမ်နှင့်အတူ ထွက်ခွာ သွားခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now