အခန်း(၃၂၁) အတွင်းပိုင်း မြင့်မြတ်နေရာ
ပိုးအိမ်ဖြူသည် ဝေးကွာပုံမပေါ်သော်လည်း လှံကိုပစ်လွှတ် လိုက်သောအခါ ၎င်းတို့ကြားမှ အကွာအဝေးသည် အဆုံးမရှိသကဲ့ သို့ ခံစားရသည်။ လှံဖျားသည်ပင် ပိုးအိမ်ဖြူကို မထိနိုင်ခဲ့ပါ။
တစ္ဆေခြေလှမ်းများကို နှိုးဆွလိုက်ပြီး သူသည် မီတာတစ်ရာ ကျော်ကို ချက်ချင်း ဖြတ်ကျော်သွားခဲ့သည်။ သို့သော်လည်း လှံဖျား နှင့် ပိုးအိမ်ဖြူကြား အကွာအဝေးသည် ယခင်အတိုင်း ဝေးကွာနေဆဲ ဖြစ်သည်။
[ဘာတွေဖြစ်နေတာလဲ?]
ကျိုးဝမ် သည် တိတ်တဆိတ် ထိတ်လန့်တုန်လှုပ်သွားသော် လည်း အပြင်ဘက်မှနဂါးနက်များသည် အရှိန်အဟုန်ဖြင့် ဝင်ရောက် လာကြပြီး ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွက် ကောင်းသော တွင်းနက်ကြီးနှင့်တူသည့်စုပ်အားဖြင့် သွေးနီရောင် ကိုယ်ပွားကို စုပ်ယူလိုက်ကြသည်။ သွေးနီရောင်ကိုယ်ပွားမှာ ခုခံမှု တစ်စုံတစ်ရာ မပြုလုပ်နိုင်ဘဲ နဂါးဝမ်းဗိုက်အတွင်းသို့ စုပ်ယူခံလိုက် ရသည်။
ဂိမ်းမျက်နှာပြင်မည်းသွားပြီး ကျိုးဝမ်ကို ရောင်ပြန်ဟပ်နေခဲ့ သည်။ ပိုးအိမ်ဖြူသည် သူ့ရှေ့တွင်ရှိနေခဲ့သော်လည်း အကြောင်း တစ်စုံတစ်ရာကြောင့် ၎င်းကို မထိနိုင်ခဲ့ပါ။
သူသည် သွေးတစ်စက်ချလိုက်ပြီး ပြန်လည်ရှင်သန်စေလိုက် သည်။ မြေအောက်ပင်လယ်သို့ နောက်တစ်ကြိမ်ရောက်ရှိသော အခါ နဂါးနက်များနှင့် စစ်ရထားမှာ မူလအခြေအနေဖြစ်သော ချိန်းကြိုးများ နှင့် ချည်နှောင်ထားသည့် အလုံးစုံပိတ်ဆို့ခြင်းကို ပြန်ရောက်သွားပြီ ဖြစ်သည်။
သို့သော်လည်း ကျိုးဝမ် သည် နဂါးပုလဲမှာ အနက်ရောင်နဂါးဥ မဟုတ်ဘဲ စစ်ရထားကိုဖွင့်သည့် ယန္တရာတစ်ခုဖြစ်သည်ကို သိထား ခဲ့ပြီ ဖြစ်သည်။
ကြိုးပမ်းမှုအသစ်ပြုလုပ်ရာတွင် သွေးနီရောင်ကိုယ်ပွားသည် စစ်ရထားအတွင်း နောက်တစ်ကြိမ်ဝင်ရောက်သွားနိုင်ခဲ့သော်လည်း ပိုးအိမ်ဖြူကို မထိနိုင်ခဲ့ပါ။ ၎င်းသည် အလွန်နီးသော်လည်း ဝေးကွာ နေသည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...