အခန်း(၈၅၁) လူတစ်ယောက်တည်းဖြင့် လုံလောက်ပါပြီ
ဤမြင်ကွင်းကို ကျိုးဝမ် မြင်လိုက်ရသောအခါ ချာလီမှာ ကိစ္စ တုံးပြီ ဖြစ်ကြောင်း သူ သိလိုက်သည်။
သူ့စာအုပ်နှင့် လက်ဝါးကပ်တိုင်ကားစင်၏ စွမ်းရည်များသည် အမှန်တကယ်ပင် အစွမ်းထက်သော်လည်း မျက်နှာဖုံးက ပြဿနာ ၏ အဓိကအချက်မဟုတ်ကြောင်း မသိခဲ့ခြင်းပင်..။ မျက်နှာဖုံးတစ်ခု တည်းကို ဖျက်ဆီးလိုက်ခြင်းက အသုံးမဝင်ပါ..။ ယင်းအစား ဤ လုပ်ဆောင်ချက်က သူ့ကို အန္တရာယ်ဖြစ်စေနိုင်သည်။
အမှန်တကယ်ပင် မိစ္ဆာဂူသင်္ချိုင်းအတွင်း ရုန်းရင်းဆန်ခတ်သံ များ ဖြစ်ပေါ်ပြီးနောက် ဖြူညိုရောင်ဖုန်မှုန့်များ ပန်းထွက်လာခဲ့၏။
ချာလီသည် ဖုန်မှုန့်များကို မြင်ရသောအခါ သူ့အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားခဲ့၏။ သူ့လက်ထဲရှိ စာအုပ်နှင့် လက်ဝါး ကပ်တိုင်ကားစင်က တောက်ပလာပြန်သည်။ သူသည် ဖုန်မှုန့်များ ကို ဖယ်ရှားချင်သော်လည်း ၎င်းတို့သည် မီးခိုးများနှင့် ဆင်တူသည်။ တစ်ဖက်က မီးခိုးများကို တွန်းထုတ်လိုက်လျှင် အခြားတစ်ဖက်က ချာလီ၏ မျက်နှာဆီသို့ ဖြန်းပက်စေလိမ့်မည်။
အရာအားလုံးသည် မြန်မြန်ဆန်ဆန်ဖြစ်ပျက်သွားခဲ့ရာ ကိပ် မိသားစုတောင် မတားဆီးနိုင်ခဲ့ပါ။ သူတို့ တုံ့ပြန်လိုက်ချိန်တွင် အမှုန် အမွှားများက ချာလီ၏ မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခုအဖြစ် စိမ့် ဝင်သွားခဲ့ပါပြီ…။
ကိပ်မိသားစုဝင်များက ချာလီကို ကူညီရန် အလျင်အစလို ပြေး သွားသည့်အခါ သူ့လက်ထဲရှိ လက်ဝါးကပ်တိုင်ကားစင်မှာ အလန့် တကြား တောက်ပလာခဲ့၏။ ချာလီသည် သူ့ကို ကူညီလိုသော ကိပ် မိသားစုဝင်နှစ်ဦးကို ထိုးစိုက်လိုက်သည်။
အဆိုပါ လူနှစ်ဦးကို အစောင့်များက ဖမ်းဆွဲလိုက်၏။ ချာလီ ကြောင့် ဒဏ်ရာရရှိပြီးနောက် သူတို့သည် မြေပြင်ပေါ်သို့ လဲကျ၍ ခန္ဓာကိုယ်များသည် မိစ္ဆာကျောက်တုံးများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ လူတိုင်း တုန်လှုပ်သွားခဲ့သည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...