အခန်း(၂၁၁) နေနတ်ဘုရားစွမ်းအားအမြုတေ
ကျိုးဝမ် ထိတ်လန့်သွားခဲ့သည်။
တုကူးချွမ် နှင့် အခြားသူများသည် ဝမ်းသားပျော်ရွှင်သွားကြ သည်။ သူတို့လက်ထဲတွင်ရှိနေသည့် အင်အားများကို တိုးမြှင့်လိုက် ပြီး အရောင်မျိုးစုံသည့်အလင်းတန်းများကို ကျိုးဝမ်ဆီသို့ ပစ်လွှတ် လိုက်သည်။
ပီရို့စ် မှာ အစောကတည်းက ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသည် အနန္တမိုးကြိုးကောင်းကင်အကျဉ်းတိုက်ကို အချိန်မရွေး ပစ်လွှတ်ရန် အဆင်သင့်လုပ်ထားပြီး ကျိုးဝမ် ကောင်းကင်ထဲပျံပြီး လွတ်သွားမည်ကို တားဆီးရန် ဖြစ်သည်။
တုကူးချွမ် ထူးဆန်းသည့် ဒိုင်းကာတစ်ခုကို ဆင့်ခေါ်ထားပြီး ကျိုးဝမ်၏ ထက်ရှသော ဝါးဓားကို တားဆီးရန် စီစဉ်ထားသည်။
ရှားပင်း သည်လည်း တွဲဖက်သားရဲတစ်ကောင်ကို ဆင့်ခေါ် ထားပြီး ကျိုးဝမ်၏ မျက်လုံးသုံးလုံးရွှေရောင်စစ်သည်နှင့် မျိုးကွဲ နတ်ဆိုးဗိုလ်ချုပ်ကို ထိန်းချုပ်ရန် ဖြစ်သည်။
တခြားသူများသည်လည်း သူတို့၏ အကောင်းဆုံး အရည် အချင်းများကို ထုတ်ဖော်ထားကြသည်။ အားလုံးသည် ကျိုးဝမ်ကို နေရာတွင်ပင် ဖြိုဖျက်ချင်နေပြီး ခုခံရန်အခွင့်အရေးတစ်ခုတောင် မပေးရန် မျှော်လင့်ထားကြသည်။
ကျိုးဝမ် သည် သူ၏ဆေဘာကို ဆွဲမထုတ်ခင်မှာပင် ပခုံးပေါ် မှ ငှက်ပေါက်စလေးသည် ထွန်းတောက်သည့်အလင်းများကို ပါးစပ်မှ ရုတ်တရက် ထွေးထုတ်လိုက်သည်။ ရွှေရောင်မီးတောက်များ ပန်းထွက်လာသည်မှာ ရေကြီးသည်နှင့် တူသည်။ တစ်ချိန်တည်းမှာ ပင် နေနတ်ဘုရားကျောင်းအပြင်ဘက် ရင်ပြင်တစ်ခုလုံးမှာ ငရဲ အသွင်ပြောင်းလဲသွားသည်။
ချက်ချင်းပင် သနားစရာကောင်းသည့် အော်သံများထွက်ပေါ် လာပြီး လူတိုင်း အံ့အားသင့်ကုန်ကြသည်။ သူတို့သည် ကျိုးဝမ်ကို ကိုင်တွယ်ရန်အတွက်အသေးစိတ်အစီအစဉ်များကို အချိန်အကြာ ကြီး ပြင်ဆင်ခြင်း၊ ဗျူဟာအမျိုးမျိုးကို တွေးတောခြင်းများ ပြုလုပ် ခဲ့ကြသည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
ПриключенияGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...