အခန်း(၆၆၁) သရေကျသွားခဲ့ခြင်း..။
လီရွှမ် သည်လည်း တိုက်ပွဲ၏ လမ်းကြောင်းများကို မမြင်နိုင် တော့ပါ။ သူလုပ်နိုင်သမျှမှာ သူ့အသက်ဝိညာဉ်ကို ဆင့်ခေါ်လိုက် ခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် အခွံမာများဖြင့် ဖုံးအုပ်သွားခဲ့ပြီး သူ့မျက်လုံးတွင် အင်းဆက်အချို့နှင့် ဆင်တူနေသည့် မျက်လုံးကာ တစ်ခုရှိလာခဲ့သည်။
အသက်ဝိညာဉ်၏ မြှင့်တင်ပေးမှုဖြင့် လီရွှမ်၏ တိုက်ပွဲမြင်ကွင်း သည် သိသိသာသာ နှေးကွေးလာသည်ကို တွေ့ရသည်။
" အံ့ဩစရာကောင်းလွန်းတယ်… လူတစ်ယောက်ဟာ အစွမ်း ထက်သန်မာမှု ဒါမှမဟုတ် ရက်စက်ကြမ်းကြုတ်တဲ့စွမ်းရည်တွေကို ကြောက်စရာမလိုပေမယ့် ဒီလိုမျိုး အသိဉာဏ်မြင့်မားတဲ့ တွဲဖက် သားရဲတစ်ကောင်ကိုတော့ ကြောက်ရွံ့ရန် လိုအပ်တယ်.. တွဲဖက် သားရဲတစ်ကောင်အတွက် ဒီလိုမျိုး ဉာဏ်ရည်မြင့်မားမှုရှိရင် တူညီ သောအဆင့်က ဒဏ္ဍာရီလာတွဲဖက်သားရဲတစ်ကောင်တောင် ၎င်း တို့ကိုအနိုင်ယူဖို့ မဖြစ်နိုင်တော့ဘူး…ဒါက ဂိမ်းတွေထဲက ယိုပေါက် တစ်ခု တည်ရှိမှုမျိုးနဲ့ ဆင်တူတယ်…"
လီရွှမ် ပြောလာခဲ့သည်။
" မှန်တယ် … ဉာဏ်ရည်ဉာဏ်သွေးက တွဲဖက်သားရဲတစ် ကောင်ရဲ့ လျှို့ဝှက်အရည်အချင်းတစ်ခုဆိုတာ အမှန်ပဲ.. ဉာဏ်ရည် မြင့်မားတဲ့တွဲဖက်သားရဲက တိုက်ပွဲမှာ အမှန်တကယ်ပင် အားသာ ချက်တစ်ခု ဖြစ်တယ်…"
ကျိုးဝမ် ခေါင်းညိတ်ကာ သဘောတူခဲ့သည်။
သူလည်း ငှက်ပျောသီး နတ်သူငယ်မလေး၊ နတ်ဆိုးကလေး ငယ် နှင့် ဒေါက်တာမဟူရာ လိုမျိုး ဉာဏ်ရည်မြင့်မားသော တွဲဖက် သားရဲများကို နှစ်သက်သည်။ ကျိုးဝမ် က သူတို့ကို အမိန့်မပေးလျှင် ပင် ဘယ်အချိန် ဘာလုပ်ရမည်ကို သိနေကြသည်။
တစ်ခါတစ်ရံတွင် သူတို့၏ ဆုံးဖြတ်ချက်များသည် ကျိုးဝမ်၏ မျှော်မှန်းချက်များထက်ပင် ကျော်လွန်နေခဲ့သည်။
ဦးနှောက်မရှိသော ကိုယ်စားပြုမှုများဖြစ်သည့် အာဏာရှင် ဘီ လူးကြီး၊ တောင်ပံခြောက်ခု နှင့် ရွှေရောင်တိုက်ပွဲတွင်နတ်ဘုရား ဟဲလ်ဘတ်တို့သည် တိုက်ပွဲဝင်ရန်အတွက် သူတို့၏ ဗီဇကို အားကိုး နေခဲ့သည်။ ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးမှာ အများကြီး နိမ့်ကျ နေသည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...