51 - 55

346 26 1
                                    

အခန်း(၅၁) တွဲဘက်သားရဲ၏ အစာများ

ကျိုးဝမ် ‘ပြုလုပ်မည်’ ကို မစပ်စုတော့ဘဲ ရွေးချယ်လိုက်သည်။ သူ့တွင် တွဲဘက်သားရဲများကို ဘယ်လိုကျွေးရမည် နှင့် ဘာတွေစားသည်ကို မသိသဖြင့် နှိပ်ရုံသာ တတ်နိုင်သည်။

အပြင်လက်တွေ့ဘဝတွင် လူများသည် မျိုးနွယ်ခြားအမြုတေများ ကို သူတို့၏တွဲဘက်သားရဲများ ဆင့်ကဲဖြစ်စဉ် လျင်မြန်စေပြီး သန်မာစေရန် အသုံးပြုကြသည်။ ငွေတောင်ပံပုရွက်ဆိတ်ပျံဖြစ်စဉ် တွင်မူ ခြားနားနေပြီး ဆင်ကဲဖြစ်စဉ်မလိုအပ်ဘဲ ကြီးထွားဖို့သာ လိုသည်။

“စာအမျိုးအစားနှစ်မျိုးရှိခြင်း : မျိုးကွဲပုရွက်ဆိတ်ကြီး နှင့် မျိုးကွဲ အရိုးခြောက်ပုရွက်ဆိတ်ကြီး ဖြစ်ခြင်း၊ ကျွေးမည့်အစာကို ရွေးချယ် လိုက်ပါ”

“အစာက တကယ်ပဲ တွဲဘက်သားရဲတွေလား?”

ကျိုးဝမ် အစာကိစ္စ သည် အလွန်အကျွံအကုန်အကျများသည်ကို တွေ့လိုက်ရသည်။ တွဲဘက်သားရဲတစ်ကောင်၏ တန်ဘိုးသည် သာမန်မိသားစုများ နှစ်ဝက်လောက်ကို ကျွေးမွေးနိုင်သည်။ ဒီငွေတောင်ပံပုရွက်ဆိတ်ပျံ က သူတို့ကို တကယ်ကြီးစားနိုင်တာလား….

ကျိုးဝမ်သည် ဂိမ်းထဲတွင်ရသော တွဲဘက်သားရဲများကို ရောင်းရန် နည်းလမ်းမရှိဖြစ်နေသည်ကိုသာ ကျေးဇူးတင်ရမည်။ မျိုးကွဲပုရွက် ဆိတ်ကြီးသည် သူ့အတွက် သိပ်အသုံးမဝင်ဖြင့် အစာအဖြစ် အသုံး ပြုခြင်းအတွက် အရမ်းဝမ်းနည်းနေစရာ မလိုဘဲ ကျွေးနိုင်သည်။ သူသည် တုံ့ဆိုင်းမနေဘဲ မျိုးကွဲပုရွက်ဆိတ်ကြီးကို အစာအဖြစ် ရွေးချယ်လိုက်ပြီး ငွေတောင်ပံပုရွက်ဆိတ်ပျံကို ကျွေးမွေးလိုက်၏။

မျိုးကွဲပုရွက်ဆိတ်ကြီးသည် ရွေးချယ်လိုက်သည်နှင့် စကြာ လိုအလင်းလည်ပြီး ငွေတောင်ပံပုရွက်ဆိတ်ပျံထံ ပျံသန်းသွားသည်။ ထိုအရာသည် ငွေတောင်ပံပုရွက်ဆိတ်ကြီးနှင့် မည်သည့်အရာမှ ပေါင်းစပ်ခြင်းများ ဖြစ်ပေါ်မလာဘဲ ဆာလောင်ခြင်းဖော်ပြချက် သည်သာ ပျောက်ကွယ်သွားသည်။

ငွေတောင်ပံပုရွက်ဆိတ်ပျံကြီးကို သတ်ဖြတ်ပြီးနောက် သာမန် ပုရွက်ဆိတ်ကြီးများနှင့် မျိုးကွဲပုရွက်ဆိတ်ကြီးများသည် အနီရောင် ကိုယ်ပွားနှင့် မျိုးကွဲအရိုးခြောက်ပုရွက်ဆိတ်ကြီးတို့ကို မတားဆီး နိုင်တော့ပါ၊ ကျိုးဝမ်သည် မုန်တိုင်းသဖွယ် ရှေ့ဆက်သွားပြီး ပုရွက် ဆိတ်သိုက်၏ အနက်ဆုံးအပိုင်းတွင် မည်သည့်အရာများပုန်း အောင်းနေမည်ကို မြင်ချင်မိသည်။ မျိုးကွဲအရိုးခြောက်ပုရွက်ဆိတ် ကြီးသည် တင့်ကားကြီးနှင့်တူနေသည်။ ဖြတ်သန်းရာ တစ်လျှောက် တွင် ဖျက်ဆီးပစ်လိုက်ပြီး ပုရွက်ဆိတ်အုံကြီးကို ထွင်းဖောက်နေ၏။ သို့သော် ပုရွက်ဆိတ်အုံကြီးမှာလည်း ကြောက်စရာကောင်းသည့် လှိုင်းလုံးကြီးနှင့် တူနေသည်။ တစ်နာရီကြာ အချိန်ကုန်လွန်သွား သော်လည်း သူသည် မီတာရာဂဏန်းအနည်းငယ်သာ ရှေ့တက် နိုင်ခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now