အခန်း(၆၂၁) ရေကန်အတွင်းမှ ရတနာကို အလစ်သုတ်ခြင်း
မြို့ဝင်ရာလမ်းမှလွဲပြီး သုံးဖက်စလုံးသည် တောင်တန်းများဖြင့် မြို့ကို ဝန်းရံထား၏။ သမင်ဖြူအုပ်သည် လာခဲ့သည်နေရာအရပ်မှာ မြို့ဝင်ပေါက်မဟုတ်ဘဲ နက်ရှိုင်းသော ရေနက်ပိုင်းမှ ဖြစ်နေသည်။
ကျိုးဝမ် သည် မြို့ပြင်ရှိ လျှိုယွင်ကို မှီသောအခါ တိတ်တဆိတ် ချဉ်းကပ်မသွားမီ ၎င်းက သူ့ကို လက်ဟန်အမူအရာဖြင့် တိတ်တိတ် နေရန် အချက်ပြခဲ့သည်။
ကျိုးဝမ် သည် ထိုလူဘာလုပ်နေသည်ကို ကြည့်ရန် နောက်မှ လိုက်သွားခဲ့သည်။
လျှိုယွင်သည် ဒီနေရာရှိ လမ်းကြောင်းနှင့် အလွန်ရင်းနှီးနေပုံ ပေါ်သည်။ သူသည် တောအုပ်နှင့် မြက်ခင်းပြင်များကို ဖြတ်၍ မကြာမီ ချုံပုတ်တစ်ခုအတွင်း ပုန်းနေခဲ့သည်။
ကျိုးဝမ်သည်လည်း မြက်ခင်းပြင်ထဲသို့ ဝင်သွားကာ ၎င်းအပြင် ဘက်တွင် ရေကန်တစ်ခု ရှိနေကြောင်း သိသွားခဲ့သည်။ ရေကန်က သိပ်မကြီးပါ.. ပတ်ပတ်လည်တွင် မြက်ခင်းပြင်ကျယ်ကြီး နှင့် တော အုပ်၏ အစိတ်အပိုင်းအချို့ ရှိနေသည်။
သမင်ဖြူအုပ်သည် ရေကန်ဘေးရှိ မြက်ခင်းပြင်ပေါ်တွင် ရှိနေ ခဲ့သည်။ လရောင်သည် မြက်ခင်းပြင်နှင့် ရေကန်ပေါ်တွင် တောက်ပ နေပြီး အလင်းလွှာတစ်ခုနှင့် ၎င်းတို့အား လွှမ်းခြုံထားသည်။ ကြည့် ရသည်မှာ အလွန်အမင်းလှပနေပြီး သေမျိုးကမ္ဘာအတွင်းရှိ အင်မော် တယ်သုခဘုံတစ်ခုလိုမျိုးပင်…။
သမင်ဖြူအများစုသည် မြက်ပင်များကို လွတ်လပ်အေးဆေးစွာ ခေါင်းငုံ့ပြီး စားသောက်နေကြ၏။ ခေါင်းဆောင်သမင်ဖြူကြီး တစ် ကောင်သာလျှင် ကမ်းပေါ်၌မားမားမတ်မတ် ရပ်နေခဲ့သည်။ အဝတ် ဖြူဝတ်လူသည်လည်း ရေကန်ကို စိုက်ကြည့်နေခဲ့သည်။
သူ့တွင် မျက်လုံးမရှိသော်လည်း ရေကန်၏ အလယ်ဗဟိုကို စူးစိုက်ကြည့်နေသော ခံစားချက်ကို ပေးနေသည်။
ဒေါင်…! ဒေါင်…! ဒေါင်…! ဒေါင်…!
ခဏအကြာတွင် အဝတ်ဖြူဝတ်လူက သတ္တုပြားကို ရိုက်ရန် သူ့လက်ထဲရှိ ကြိမ်လုံးကို အသုံးပြုခဲ့သည်။ ထို့ကြောင့် မြက်စားနေ သော သမင်ဖြူများသည် သူတို့၏ဦးခေါင်းများကိုမော့လာပြီး ခေါင်း ဆောင်သမင်ဖြူကြီးထံသို့ ချဉ်းကပ်လာခဲ့သည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...