အခန်း(၄၉၆) ဘာကြောင့် မဖြစ်နိုင်ရမှာလဲ….
“ဒါက မင်းနဲ့ဘာမှမဆိုင်ဘူး…”
ကူတိအန်သည် သူ့ခေါင်းကို ငုံ့ထားရင်း ပြောလိုက်သည်။
"ဘာလို့ ငါနဲ့ ဘာမှမဆိုင်ရမှာလဲ… နောက်ဆုံးတော့ ငါတို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား…"
ကောင်လေးကပြုံးရင်း ကူတိအန်၏ ပုခုံးကို ပုတ်လိုက်သည်။ သူက ဆက်ပြီး …
"မင်း ငါတို့ရဲ့ ခင်မင်မှုကို မေ့သွားပြီလား…ငါက အမြဲတမ်း အမှတ်ရနေတာ…"
ကူတိအန်၏ မျက်လုံးအိမ်များမှာ ကျဉ်းမြောင်းသွားသော် လည်း သူနှုတ်ဆိတ်စွာ ရှိနေလျက်…။
"သေချာစဉ်းစားကြည့်ပါ…အနာဂတ်မှာ လက်ရှိ ကျိုးဝမ် က ငါ့ပုံစံ ဒုတိယဖြစ်လာလိမ့်မယ်…"
ကောင်လေးက မျက်လုံးများကို မှေးကျဉ်းလျက် ပြောလိုက်၏
"အမွှေးငှက်များစုဝေးကြတယ်.. မင်းရဲ့ မွေးဖွားလာကတည်း က လူသားသူငယ်ချင်းအစစ်တွေမရရှိနိုင်ဘူးလို့ သတ်မှတ်ထားပြီး သား… ငါလိုလူကလွဲရင် မင်းမှာ လူတွေက မင်းလို မွန်းစတားမျိုးကို လက်ခံပေးမှာ မဟုတ်ဘူး… တကယ်လို့ မင်းအခု ကျိုးဝမ်ကို မထိ ဘူးဆိုရင် အနာဂတ်မှာ မင်းရဲ့ အစစ်အမှန်ကဘာကြီးလဲဆိုတာ သူ သိသွားခဲ့မယ်ဆိုရင်…. မင်းနဲ့ စည်းခြားနေဖို့ သူက တုံ့ဆိုင်းနေမှာ မဟုတ်သလို သတ်ပစ်ဖို့လည်း ဝန်လေးနေမှာ မဟုတ်ဘူး…."
(စာကြွင်း ။ ။ အမွှေးငှက်များစုဝေးကြသည် Birds of a feather flock together ဆိုသည်မှာ အင်္ဂလိပ်စကားပုံတစ်ခုဖြစ်ပြီး ငှက်များသည် ငှက်မွှေးများပေါ်လိုက်ပြီး တူရာရာစုဝေးနေထိုင်ကြ သလို လူသားများတွင်လည်း ဝါသနာတူ၊ စိတ်သဘောထားတူသူ များက အတူတူယှဉ်တွဲနေထိုင်ကြသည်ကို ဆိုလိုသည်။ ငှက်များ သည် သူတို့အတွင်းသို့ ငှက်မွှေးအရောင်မတူသောငှက်ဝင်ရောက် ခြင်း လုံးဝလက်မခံသည့် ဖြစ်ရပ်အား ဤနေရာတွင် စကားပုံအဖြစ် အသုံးပြုထား၏။ )
ခေတ္တရပ်သွားပြီးနောက် ကောင်လေးက ဆက်ပြောလာ၏
"သူ့ဆရာ ဘာဖြစ်သွားမှန်း မင်းမသိဘူးလို့ ငါကို မပြောနဲ့… သူက ဝမ့်မင်ယွမ်ရဲ့ ကျောင်းသားအဖြစ် သတ်မှတ်ထားတုန်းလို့ မင်းထင်လား… တကယ်လို့ ဝမ့်မင်ယွမ် နောက်တစ်ကြိမ်ပေါ်လာ မယ်ဆိုရင် ဒီကောင်က သူ့ဆရာကို သတ်ပစ်နိုင်တယ်…"
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...