966 - 970

246 27 0
                                    

အခန်း(၉၆၆) နဂါးပုလဲတွဲဖက်သားရဲဥ

ကျိုးဝမ်သည် နဂါးခုနှစ်ကောင်ပင်လယ်၏ အခြေအနေကို ပုံဖော်သွားနိုင်ပြီးနောက်တွင် ၎င်းတို့မှာ သင့်လျော်သော နဂါးဘုရင် များ မဟုတ်ကြောင်း သူ သဘောပေါက်ခဲ့သည်။

    မီယာသည် နဂါးခုနှစ်ကောင်ပင်လယ်တွင် သာမန်နဂါးတစ် ကောင်ပုံစံအရှိဆုံးဟု သတ်မှတ်ထားပြီးဖြစ်သည်။ သူမ၏ အဆိုအရ အခြားဒိုင်မေးရှင်းနယ်မြေခြောက်ခုရှိ နဂါးဘုရင်များသည် စစ်မှန် သော နဂါးပုံစံများ မရှိကြပါ..။

    တစ်ချို့မှာ မိချောင်းလိုလို၊ တစ်ချို့က ပုဇွန်တုပ်လိုလို ဖြစ်ပြီး အခြားသူများသည် ဝေလငါးတစ်ကောင်းနှင့်တူသည်။ သို့သော် လည်း ၎င်းတို့အားလုံးတွင် နဂါးသွေးအချို့ရှိသောကြောင့် သူတို့က ကိုယ့်ကိုကိုယ် နဂါးဘုရင်များအဖြစ် ခေါ်ဝေါ်ကြသည်။

        [ ပင်လယ်ခုနှစ်စင်းနဂါးဘုရင်က မျိုးသန့်နဂါးဘုရင်တစ်ပါး ‌တော့မဟုတ်လောက်ပါဘူး… ]

    ကျိုးဝမ်၏ အမြင်တွင် မျိုးသန့်နဂါးဘုရင်တစ်ပါးသည် နဂါး ရေတွင်းအတွင်းရှိ နဂါးဖြူကဲ့သို့ ဖြစ်ရမည်…။

     အကယ်၍  အခြားအချိန်မျိုးဆိုလျှင် ကျိုးဝမ်သည် ဒိုင်မေးရှင်း မျိုးနွယ်ခြားသတ္တဝါများကို သတ်ဖြတ်ရန်အတွက် အမည်မသိ ဒိုင်မေးရှင်းနယ်မြေတစ်ခုသို့ သွားဖြစ်လိမ့်မည် မဟုတ်ပါ..။ သို့သော် မီယာ၏သတင်းအချက်အလက်များအရ ကိစ္စများသည် ကွဲပြားသွား ခဲ့ပါပြီ..။

မီယာ၏သတင်းအချက်အလက်များ မှန်နေသရွေ့ နဂါးဘုရင် များကို သတ်ရန် ဒိုင်မေးရှင်းချိတ်ဆက်မှုနယ်မြေများအတွင်းသို့ ဝင် ရောက်ခြင်းသည် ကျိုးဝမ်အတွက် မခက်ခဲတော့ပါ။ နောက်ဆုံးတွင် သူတို့သည် ဒဏ္ဍာရီလာအဆင့်သတ္တဝါတစ်ယောက်ချင်းစီဖြစ်နေပါ က သူ့တွဲဖက်သားရဲအုပ်စု၏ ပြိုင်ဘက် မဖြစ်နိုင်ပါ..။

        “ တကယ်လို့ ငါတို့က ပင်လယ်ခုနှစ်စင်းနဂါးဘုရင်ကို သေ သည်အထိ တိုက်ခိုက်ခဲ့မယ်ဆိုရင် အဲဒီနဂါးဘုရင်တွေက သူ့ကို ကူညီပြီး ငါတို့ရန်သူ ဖြစ်လာမှာလား…”

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now