411 - 415

241 21 0
                                    

အခန်း(၄၁၁) တောင်ထိပ်ပေါ်မှ ပန်းပွင့်လေး

        ‌လုဆု သည် အရေးပေါ်သတိပေးချက်ကို ရုတ်တရက် ရရှိသော အခါ သူမ၏ သုတေသနစာတမ်းအချို့ကို ဖတ်နေခြင်းဖြစ်သည်။ သူမသည် အမြန်ပြေးသွားလိုက်ပြီး စစ်သား၏ အခြေအနေကိုကြည့် လိုက်ပြီး မတတ်နိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်

        "သူ ဘာတွေဖြစ်ခဲ့တာလဲ?"

   "ဒေါက်တာ လု…လွီကွေ့က စည်းကမ်းကို ချိုးဖောက်ခဲ့တယ် ကင်းစခန်းမှာ ခုနှစ်ရက်ကြာအောင် သူ့ကိုယ်သူ တာဝန်ချရင်း ဒီလို မျိုး ဖြစ်သွားခဲ့တာပဲ"

အရာရှိသည် အခြေအနေကို ရှင်းပြနေခဲ့သည်။

  "သူ့ကိုယ်သူ ကင်းစခန်းမှာ ခုနှစ်ရက်ဆက်တိုက် တာဝန်ထမ်း ဆောင်နေခဲ့တာလား?သူ့အသက် ထပ်ပြီးမလိုချင်တော့ဘူးလား?"

        လုဆု သည် ကြားလိုက်ရသည့် စကားများကြောင့် အံ့အားသင့် သွားခဲ့သည်။ သူမသည် ရှေ့သို့ တိုးသွားပြီး လွီကွေ့၏ ဒဏ်ရာများ ကို ဂရုတစိုက် လေ့လာရင်း မယုံကြည့်နိုင်စွာဖြင့် မေးမြန်းလိုက်၏

        "သူက သူ့ကိုယ်သူ ကုတ်ဖဲ့ခဲ့မယ် မဟုတ်လား? ဒီနေရာမှာ အနာအချို့ တကယ်ရှိနေခဲ့ပေမယ့်လည်း….."

        သူမ ပိုပြီး ကြည့်မိလေ ထူးဆန်းမှုများကို ရှာတွေ့လေဖြစ်နေ သည်။ လွီကွေ့၏ဒဏ်ရာများ၌ အဖုများထွက်သည့် လက္ခဏာများ ရှိပုံပေါ်နေသော်လည်း အဖုအပိန့်များမှာ အနာပြည်ယိုခြင်းများမရှိ တော့သည်မှာ ထင်ရှားနေသလို ပြန်လည်သက်သာလာသည့် အရိပ် အယောင်များ ရှိနေခဲ့သည်။ အဖုအပိန့်များ အမှန်တကယ်ရှိလာခဲ့ လျှင် အခြေအနေသည် ယခုလို ဖြစ်လာလိမ့်မည် မဟုတ်ပါ။

"အစောပိုင်းက ငါတို့ ဒေါက်တာကျိုးလေးနဲ့ တွေ့ခဲ့တယ်… ကင်းစခန်းမှာတုန်းက ဒေါက်တာကျိုးက လွီကွေ့ကို ဆေးအချို့ ထိုး ပေးခဲ့လို့ သူ့အခြေအနေ နည်းနည်းတိုးတက်လာခဲ့တာ..အခု သူက ပိုပြီး ကောင်းလာ….."

အရာရှိသည် အစောပိုင်းအဖြစ်အပျက်များကို ရှင်းပြလိုက်၏။

   "ဒေါက်တာ ကျိုးလေး? ဘယ်က ဒေါက်တာကျိုးလေးလဲ?"

    လုဆုသည် မယုံနိုင်လောင်အောင် ရှာတွေ့သွားခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now