886 - 890

227 21 0
                                    

အခန်း(၈၈၆) သမင်လှေကားထစ်ပွဲကြည့်စင်၏ အောက်ဆုံးအဆင့်

ကျိုးဝမ်သည် ဆေးအဂ္ဂိရတ်ပညာရှင်အဖိုးကြီးကို မည်ကဲ့သို့ ဖြေရှင်းရမည်ဆိုတာကို စဉ်းစားနေချိန်တွင် သူ့ဖုန်းက ရုတ်တရက် မြည်လာခဲ့၏။ ကောက်ကိုင်ပြီးကြည့်လိုက်သောအခါ အို့ယန်လန် ဟု ဖော်ပြနေသည်။

      အန်ရှန့်၏ သတိပေးချက်ကို ရရှိပြီးနောက်တွင် ကျိုးဝမ်သည် အို့ယန်လန်က ဘာကြောင့် ဖုန်းခေါ်သည်ကို အကြမ်းဖျင်းသိသော် လည်း သူ့တွင် ဖုန်းပြန်ဖြေရန်မှလွဲပြီး ရွေးချယ်စရာ မရှိပေ..။

        “ ဝမ်လေး…မင်းဘယ်တွေရောက်နေတာလဲ… လတ်တလော ဝမ်လေးကို အမလန် ဘာလို့ မတွေ့ရတာလဲ..”

        “ ကျွန်တော် ကျန်းမိသားစုရဲ့ လေလံပွဲကို ရောက်နေတာ.. အခု အပြန်လမ်းမှာ…”

        “ ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ … ကျန်းမိသားစုလေလံပွဲမှာ ပါဝင်နေတဲ့အကြောင်း မပြောနဲ့တော့… ပင်လယ်ရပ်ခြားသွားမယ် ဆိုရင်တောင် အခုအချိန်မှာ ဝမ်လေးပြန်ရောက်သင့်ပြီလေ.. ဟုတ် တယ်မလား..”

အို့ယန်လန်က နှုတ်ခမ်းများတွန့်ကွေးလျက် ပြောလာခဲ့သည်။

        “ ကျွန်တော် လမ်းမှာ သူငယ်ချင်းတစ်ယောက်ရဲ့ နေရာကို သွားလည်ဖို့ စီစဉ်ထားလို့ပါ..”

        “ သူငယ်ချင်းလား… ယောင်္ကျားလေးလား..မိန်းကလေးလား”

အို့ယန်လန်က ချက်ချင်းမေးမြန်းလာခဲ့သည်။

        “ ယောင်္ကျားလေးပါ..”

        “ ယောင်္ကျားလေးက ဘာကောင်းလို့လဲ… မြန်မြန်ပြန်လာ လိုက်တော့ … ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ် ... သူမက မဆိုးပါဘူး … ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင်နောက် တစ်ခု ရှိမှာမဟုတ်တော့ဘူး..”

အို့ယန်လန်က ကောင်မလေးကို ချီးကျူးနေခဲ့သည်။ ကျိုးဝမ် က သူမကို လက်မထပ်ပါက ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်သွားတော့ မလို အို့ယန်လန်၏ လေသံတွင် ဖော်ပြနေသည်။

        “ အမလန်… ကျွန်တော် ဒီအတောအတွင်း ပြန်လာနိုင်မှာ မဟုတ်သေးဘူး..”

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now