အခန်း(၅၆၆) မီးရှူးနဂါးကို သတ်ဖြတ်ခြင်း
"စစ်ကဲမှူး လု.. မင်းက ဒီမှာ စောင့်နေသင့်တယ်.. အရင်ဆုံး ယဇ်ပူဇော်ပစ္စည်း သွေးရဲ့ပြဿနာကို စုံစမ်းထားလိုက်.. ကျွန်တော် တို့ အဖြေမရှာနိုင်ခင် ဗိမာန်တော်အတွင်းကနေ ဘယ်သူ့ကိုမှ အပြင် မထွက်စေနဲ့… နောက်ပြီး ပရော်ဖက်ဆာ လေ့တို့အဖွဲ့ကို ကာကွယ် ဖို့ ယုံကြည်စိတ်ချရတဲ့ လူတစ်ချို့ကို ရှာထားပါ… အခြားသူတွေ အလစ်တိုက်ခိုက်လို့ရအောင် အခွင့်အရေးမပေးမိစေနဲ့…"
"ဟုတ်ကဲ့ပါ... သခင်လေးဝမ် ... ကျွန်တော်တို့ အခုလုပ်လိုက် ပါ့မယ်"
လုယွင်ရှန်းသည် အလေးပြုပြီးနောက် ထွက်ခွာသွား၏။
ပရော်ဖက်ဆာ လေ့ နှင့် အဖွဲ့သည် ယခုတိုင်အောင် တုံ့ပြန်နိုင် ခြင်းမရှိဘဲ ကြောင်တောင်တောင်ဖြစ်နေသေး၏။ ကျိုးဝမ် သည် အောင်းယင်ကျောက်ရုပ်တုကို ထက်ပိုင်းဖြတ်လိုက်ခြင်းက သူတို့ကို အလွန် ရှော့ရသွားစေသည်။
"ပရော်ဖက်ဆာ လေ့ … လုယွင်ရှန်း ပြန်လာတဲ့အခါမှာ ဆရာ လည်း ချောင်းချီနန်းတော်ကို သွားနိုင်ပါတယ်… ရှုဝမ်… မင်းက ငါနဲ့ လိုက်ခဲ့.."
ကျိုးဝမ် သည် မီးရှူးနဂါး ဘုရားကျောင်းဆီသို့ လျှောက်သွား ခဲ့၏။
ရှုဝမ် သည် ကပျာကယာနောက်မှလိုက်သွားခဲ့ပြီး ပရော်ဖက် ဆာလေ့ နှင့် အခြားသူများသည် နေရာတွင်ပင် ရပ်နေရင်း တစ်ဦးကို တစ်ဦး ကြောင်တောင်တောင် ကြည့်နေကြသည်။
"အရင်တုန်းက ကျိုးဝမ်ဟာ အန်မိသားစုကို ဒုက္ခရောက်စေ တယ်လို့သာ ငါကြားဖူးတာပါ… သူ့ကြောင့် အန်မိသားစုနဲ့ အဖွဲ့ချုပ် အထက်ပိုင်းအဆင့်ကလူတွေနဲ့ ဆက်ဆံရေးပိုဆိုးရွားသွားစေတယ် … ကြည့်ရတာ ကောလဟာလတွေက မယုံကြည်ရဘူးပဲ… အန် မိသားစုက သူ့အပေါ်ကာကွယ်ပေးထားတာ အဓိပ္ပါယ်ရှိတယ်... သူ က ကျောင်းတက်နေဆဲပဲ မဟုတ်လား.."
ပရော်ဖက်ဆာ လေ့ သည် သက်ပြင်းချရင်း နှစ်ခြမ်းကွဲနေခဲ့ သော အောင်းယင် ကျောက်ရုပ်တုကို စိုက်ကြည့်နေခဲ့သည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...