81 - 85

317 26 1
                                    

အခန်း(၈၁) အချိန်အတွက် အချိန်ဆွဲခြင်း

“ဒီအမျိုးသမီးအရာရှိကမင်းတို့ကို မေးခွန်းနည်းနည်းမေးချင်လို့တဲ့၊ အမှန်အတိုင်းဖြေလိုက်ကွာ” ဒု-မော်ကွန်းထိန်းသည် ကျိုးဝမ်နှင့် ကျောင်းသားများကို‌ ပြောလိုက်သည်။

လစ်ဇ် သည် ကျိုးဝမ်ကို အဓိကထားသည်နှင့်မတူဘဲ ကျောင်းသား အားလုံးကို တူညီသည့် မေးခွန်းများနှင့် ဆက်ဆံပုံမှာအတူတူဖြစ် နေသဖြင့် မသိလျှင် သူမသည် သူ့ကို လုံးဝမသိခဲ့သည့် ပုံဖြစ်နေ၏။

“အရာရှိလေး၊ရပါပြီနော်”
ဒု-မော်ကွန်းထိန်းသည် လစ်ဇ် မေးခွန်းများ မေးပြီးသွးပြီးနောက် ပြောလိုက်သည်။

“ကဲအခု ကျောင်းသားတွေပြန်နိုင်ပါပြီ၊ ဒါပေမယ့် မစ္စတာကျိုးဝမ်ကို တော့ စုံစမ်းစစ်ဆေးမှုတစ်ခုအတွက် အကူအညီပေးဖို့ ဖိတ်ခေါ်သွား ချင်ပါတယ်”
လစ်ဇ် သည် အခြားကျောင်းသားများကို ရုံးခန်းထဲမှ ထွက်ခွားလက်ဝှေ့ယမ်းအချက်ပြလိုက်ပြီး ကျိုးဝမ်ကို စေ့စေ့စပ်စပ် ကြည့်ပြီး စကားကို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဒု-မော်ကွန်းထိန်း သည် မျက်မှောင်အနည်းငယ်ကြုတ်သွားခဲ့ပြီး ချက်ချင်းပြုံးလိုက်သည် “ အရာရှိလေး မင်းအနေနဲ့ ငါတို့ကျောင်း သားကို မင်းစုံစမ်းမှုကို ကူညီဖို့အတွက် ခေါ်သွားနိုင်ပါတယ်၊ ဒါပေ မယ့် မင်းလည်းသိပါတယ် နေဝင်ချိန်ကောလိပ်ကို စစ်တပ်တစ်ပိုင်း အဖြစ်သတ်မှတ်လို့ရတယ်လေ၊ ဒီကျောင်းသားတွေဆိုတာလည်း အနာဂတ်စစ်တပ်ရဲ့ အရံအင်အားတွေလို့ စဉ်းစားလို့ရတယ်လေ၊ မင်းအနေနဲ့ သူ့ကို ခေါ်သွားချင်တယ်ဆိုရင် လုပ်ထုံးလုပ်နည်း အတိုင်း လုပ်ဆောင်ဖို့လိုတယ်လေ၊ တကယ်လို့မင်းအလျင်လိုနေ တယ်ဆိုရင်တော့ စာရွက်စာတမ်းပိုင်းကို ငါစီစဉ်ပေးလို့ရပါတယ် လေ”

“မလိုအပ်ပါဘူး၊ ဒါကဖမ်းဝရမ်းပါ၊ တစ်ချက်ကြည့်လိုပါဉီး ကျွန်မက သူ့ကို ကျွန်မတို့စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးဖို့ပဲ ခေါ်သွား မှာပါ၊ သူ့ကိုဘာမှမထိခိုက်ဘဲ ပြန်လာပို့မှာပါ၊ ဒါကြောင့် ဆရာသိပ် စိုးရိမ်နေစရာမလိုပါဘူး” လစ်ဇ် လှောင်ရယ်ရယ်လိုက်ပြီး ဖမ်းဝရမ်း ကို ထုတ်ပြီး ဒု-မော်ကွန်းထိန်း စားပွဲပေါ်တင်ပေးထားလိုက်၏။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now