816 - 820

256 27 0
                                    

အခန်း(၈၁၆) သေခြင်းမျိုးစုံကြုံပြီးနောက် သေခြင်းတရားကို ကျင့် သားရလာခြင်း

       

ခဏအကြာတွင် ကျန်းယုကျစ်က မမျှော်လင့်စွာဖြင့် စာတစ် စောင် ပြန်လာခဲ့သည်။

        " ဆန်းကြယ်ငှက်ရဲ့ ဇစ်မြစ်ကို မင်း မသိချင်ဘူးလား…"

        " ဒါက မင်းတို့ သူရဲကောင်းဘုရင်ရဲ့ တွဲဖက်သားရဲ ဆိုတာပဲ ငါသိတယ်.."

        " မင်းရဲ့မွေးရပ်မြေက လမ်းညွှန်မြို့လေး မဟုတ်ဘူးလား.. ဆန်းကြယ်ငှက်အကြောင်းတောင် မသိဘူးလား…"

ကျန်းယုကျစ် အနည်းငယ် အံ့ဩသွားခဲ့သည်။

        " အဲဒါက ဘာထူးဆန်းလို့လဲ… လမ်းညွှန်မြို့မှာ ဆန်းကြယ် ငှက် တွဲဖက်သားရဲဥ ရခဲ့တာများ ဖြစ်နေမလား…"

        ကျိုးဝမ် က အံ့အားသင့်စွာ မေးမြန်းခဲ့သည်။

        " ဆန်းကြယ်ငှက်က ရှေးဟောင်းလမ်းညွှန်မြို့မှာ ရှိတယ်…"

        " မဖြစ်နိုင်တာပဲ…"

        ကျိုးဝမ် ချက်ချင်း ပြန်ဖြေလိုက်သည်။ ရှေးဟောင်းလမ်းညွှန် မြို့ကို ဂိမ်းအတွင်းတွင် ရှေးဟောင်းအင်ပါယာမြို့တော်ဟု ခေါ်ဆို ထားခဲ့သည်။ ယခင်က အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဂိမ်း ဆော့ထားပြီးဖြစ်သော်လည်း ဒဏ္ဍာရီလာသတ္တဝါများပင် မရှိသဖြင့် ဆန်းကြယ်ငှက်ဆိုလျှင် မဖြစ်နိုင်တော့ပါ…။

        " ဘာလို့ မဖြစ်နိုင်ရမှာလဲ… ဆန်းကြယ်ငှက်ဆိုတာ ကုန်သည် တွေကို ကိုယ်စားပြုတဲ့ နတ်ငှက်တစ်ကောင်ဖြစ်တယ်ဆိုတာ မင်း သိရဲ့လား… ပြီးတော့ လမ်းညွှန်မြို့မှာ ကုန်သည်သုံးဦးဆိုတဲ့ နေရာ တစ်ခု ရှိတယ်… ရှေးဟောင်းလမ်းညွှန်မြို့မှာ ဆန်းကြယ်ငှက်မပေါ် လာရင် တခြားဘယ်နေရာ ပေါ်လာနိုင်မှာလဲ…"

ကျန်းယုကျစ်က ပြန်မေးလာခဲ့သည်။

        ကျိုးဝမ် အံ့အားသင့်သွားခဲ့ပါပြီ။ သူသည် ထိုအကြောင်းကို လုံးဝ မေ့နေခဲ့သည်။

ဆန်းကြယ်ငှက်သည် အမှန်တကယ်ပင် ကုန်သည်များ၏ နတ် ဘုရားတစ်ပါး ဖြစ်သည်။ ဒဏ္ဍာရီများအရ ၎င်းသည် ကုန်သည်များမှ ပေါက်ဖွားလာသည်ဟု ဆိုသည်။ ကုန်သည်များက သူတို့ကိုယ်သူတို့ ဆန်းကြယ်ငှက်၏ မျိုးဆက်များဟု အမြဲယူဆထားခဲ့ကြသော်လည်း ကျိုးဝမ် သည် ကျန်းမိသားစု၏ ဆန်းကြယ်ငှက်နှင့် ဆက်စပ်ပြီး မစဉ်းစားမိခဲ့ပေ…။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now