921 - 925

251 26 0
                                    

အခန်း(၉၂၁) ဆေဘာဓားမတိုင်ခင် လေ့ကျင့်ခြင်းက လာ၏

လက်နက်ပြခန်း ဖွင့်ထားသရွေ့ ကောလိပ်ကျောင်းသားများ သည် သူတို့၏ကျောင်းသားကဒ်ဖြင့် လွတ်လပ်စွာဝင်ရောက်နိုင်ကြ သည်။

လက်နက်ပြခန်းတံခါးဖွင့်ပြီးသောအခါ ကျိုးဝမ်က သူ့ ကျောင်းသားကဒ်ဖြင့် ဝင်ခွင့်စက်တွင် ပွတ်ဆွဲပြီး  ဝင်ရောက်ခဲ့၏။

ပုံမှန်အားဖြင့် ဤနေရာတွင် ကျောင်းသူ၊ ကျောင်းသား များစွာ မရှိသလို အချိန်ကလည်း စောနေသေးသည်။ ကျိုးဝမ်က လက်နက် ပြခန်းအတွင်း ဝင်ရောက်ချိန်တွင် ဝန်ထမ်းများက ပစ္စည်းများကို ခင်းကျင်းနေဆဲဖြစ်သည်။ မည်သည့် ကျောင်းသားတစ်ယောက်မျှ ရှိမနေကြပါ..။

ဤနေရာသို့ သူ ရောက်နေပြီဖြစ်သဖြင့် ကျိုးဝမ်သည် ဆေဘာ ဓားများကိုကြည့်ရန် အလျင်စလို မဖြစ်ခဲ့ပါ။ ခင်းကျင်းပြသထား သည့်ပစ္စည်းများကို အရင်ဆုံးကြည့်ရှုခဲ့သည်။

ဤနေရာတွင် ပြသထားသည့်အရာအားလုံးသည် ဒိုင်မေးရှင်း ချိတ်ဆက်မှုမုန်တိုင်းများ ပြီးဆုံးသွားပြီးနောက် လူသားများ ထုတ် လုပ်သည့် ရှေးဦးမူလရွှေဖြင့်ပြုလုပ်ထားသည့် လက်နက်များဖြစ် သည်။ သို့သော်အများစုသည် ပြခန်းအတွက် ပုံတူများ ဖြစ်သည်။

ဆေဘာဓားများသည် ပြခန်း၏ အဓိကပြသမှုဖြစ်ပြီး နောက် တွင် လှံများ နှင့် လေးများ ဖြစ်သည်။ ဓားများနှင့် အခြားလက်နက် များသည် အဓိကပြသသည့်အရာများ မဟုတ်ပါ။ ရှေးဦးမူလရွှေနှင့် ပြုလုပ်ထားသော ဒိုင်းများနှင့် ချပ်ဝတ်များလည်း ရှိနေသည်။ သို့ သော်လည်း ၎င်းတို့၏သက်ရောက်မှုများသည်း အရမ်းမကောင်းမွန် သောကြောင့် အလွန်နည်းပါးသည်။

ထို့နောက်တွင် ရှေးဦးမူလရွှေ ကျည်ဆန်မျိုးစုံနှင့် သေနတ် အမျိုးမျိုးရှိနေခဲ့သည်။ ကျည်ဆန်အများစုကို ရွှေစင် (သို့) ရှေးဦး မူလရွှေပမာဏအချို့ ရောစပ်ထားသည်။ သန့်စင်သောရှေးဦးမူလ ရွှေကျည်ဆန်များမှာ အတော်လေးရှားပါးပြီး အများအားဖြင့် အဆင့် မြင့်အရာရှိများကိုသာ တာဝန်ပေးအပ်ထားခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now