အခန်း(၂၀၆) ဘယ်သူက အစစ်အမှန် မျိုးဆက်လဲ?
ခံစားချက်များသည် များပြားလာသည်၊ အရမ်းများပြားလာ၏။
ကျိုးဝမ် သည် တုံ့ဆိုင်းမနေရဲတော့ဘဲ ငြင်းပယ်လိုက်သည်
"တောင်းပန်ပါတယ်၊ကျွန်တော်ကသူငယ်ချင်းကို အဖော်လိုက် ပြီး ဒီနေရာကို လိုက်ကြည့်တာပါ၊ ကျွန်တော် ရှင်သန်ခြင်းမြင့်မြတ် ဘုရားကျောင်းထံကနေ ဘာမှကို မလိုချင်ပါဘူး"
မြွေကြီးသည် ကျိုးဝမ် ကို နောက်တစ်ခါ စိုက်ကြည့်လိုက်၏။ ထို့နောက် တဖြေးဖြေးချင်း ကျောက်တိုင်ဆီသို့ ပြန်ဆုတ်သွားပြီး အသက်မရှိသည့် မြွေရုပ်တုကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လန့်စ် သည် ကျိုးဝမ်ကို စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်သည်။
လီရွှမ် သည် သက်ပြင်းချရင်း ပြောလိုက်သည်
"အဘိုးကြီး ကျိုး၊ တကယ်လို့ မင်းက ငါ့အတွက် ငြင်းပယ် လိုက်တာဆိုရင် ငါရင်ထဲထိတယ်၊ ပြီးတော့ စိတ်မကောင်းဘူးကွာ"
"အဲဒါကြောင့် မဟုတ်ဘူး၊ ထာဝရရှင်သန်ခြင်းခန္ဓာကိုယ်က အစကတည်းက ငါ့ပန်းတိုင်မှ မဟုတ်ဘဲ၊ မင်းမပါဘူဆိုရင်လည်း ငါငြင်းနေဦးမှာပဲ"
ကျိုးဝမ် သည် အမှန်အတိုင်း ပြောလိုက်သည်။
"အဲလိုပြောတော့ ငါပိုစိတ်ဓာတ်ကျတာပေါ့"
လီရွှမ် သည် ဟာသလုပ်လိုက်သည်။
"သွားကြရအောင်၊ တစ်ခြား မြင့်မြတ်ဘုရားကျောင်းတွေကို သွားလည်ကြမယ်"
ကျိုးဝမ် တခြားမြင့်မြတ်ဘုရားကျောင်းများကို သွားလည်ပြီး ကြည့်ချင်မိသည်။
ဘုရင်ကြီး၏သက်ပြင်းချသံ မှာ သူ၏ ကိုယ်ပိုင်အရည်အချင်း ဖြစ်ပြီး ပျောက်ဆုံးအင်မော်တယ်ဆုဒြာမှ ဖြစ်ပေါ်လာခြင်းဖြစ်၏။ သို့သော် ဘုရင်ကြီး၏ သက်ပြင်းချသံ မှာ မြင့်မြတ်ဘုရားကျောင်း များကိုလက်မခံနိုင်သည့်ပုံဖြစ်နေသည်။ ကျိုးဝမ်၏ မူလစီအစဉ် ထားသည့်အဆင့်တက်ရန် အကြံအစည်အောင်မြင်ရန်မှာ ခက်ခဲနိုင် သည့်ပုံပေါ်သည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...